ဒေါ်အောင်ဆန်းစုကြည် (၇၁) နှစ် ပြည့်မွေးနေ ့လွှတ်တော်တွင် ကျင်းပ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အသက် (၇၁ ) နှစ် ပြည့်မွေးနေ့ပွဲကို နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် ဝန်းရှိ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီရုံး (I~12)တွင် ဇွန်လ ၂၀ ရက်နေ့က လွှတ်တော်ရှိ ဝန်ထမ်းများ နှင့်အတူကျင်းပခဲ့သည်။
မွေးနေ့ပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့် ၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်း နှင့် ပြည်ထောင်စုလွှတ်တော် ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးတို့လည်း တက်ရောက်ခဲ့ပြီး မြန်မာထမင်းဟင်းဖြင့် ဧည့်ခံခဲ့သည်။