ဒေါ်အောင်ဆန်းစုကြည် ရ၁ နှစ်ပြည့်မွေးနေ့ မန္တလေးတွင် ဓာတ်ပုံ၊ ပန်းချီပြပွဲပြုလုပ်

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၇၁) နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် မွေးနေ့ဆုတောင်းခြင်းနှင့် မွေးနေ့ကိတ်လှီးခြင်းများကို၂၀၁၆ ခုနှစ် ဇွန်လ ၁၉ ရက် နံနက်ပိုင်းကမန္တလေးမြို့ ၇၃ လမ်းရှိ မင်္ဂလာမန္တလေးတွင် ကျင်းပစဉ်။ (ဓာတ်ပုံ-ဘိုဘို၊မဇ္ဈိမ) ၎င်းပွဲသို့ မန္တလေးတိုင်း အစိုးရအဖွဲ့ဥက္ကဌနှင့် အစိုးရအဖွဲ့ဝင်များ၊ပြည်သူများ၊ ကရင်တိုင်းရင်းသားအကအဖွဲ့များ၊ ရှမ်းတိုင်းရင်းသားအကအဖွဲ့များ၊ NLD ပါတီမှ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။ မွေးနေ့အထိမ်းအမှတ်အဖြစ် ပန်ချီနှင့်ဓာတ်ပုံ ပြခန်းများပြသခြင်း၊ ခွပ်ဒေါင်းကြယ်ဖြူအငြိမ့်ကပြခြင်း၊ မြို့မတူရိယာအဖွဲ့၊ ဂီတမိတ်အဖွဲ့ တို့မှဖျော်ဖြေခြင်းများကို ၂၀၁၆ ခုနှစ် ဇွန်လ ၁၉ ရက်မှ ၂၁ရက်ထိ ပြုလုပ်သွားမည်ဖြစ်သည်။