ပခုက္ကူ ရွှေချောင်း ရေတက်ပြီး နေအိမ်အချို့ စတင်ပြောင်းရွှေ့

ပခုက္ကူမြို့ရှိ ရွှေချောင်း ချောင်း ဇွန်လ ၅ ရက် ည ၈နာရီ ဝန်းကျင်မှ စတင်ပြီး ချောင်းရေတက်လာသောကြောင့် ချောင်းတဝိုက် တွင် နေထိုင်ကြသော အမှတ် ၃ ရပ်ကွက်မှ နေအိမ်အချို့ စတင်ပြောင်းရွှေ့ခဲ့ရသည်။
၂၀၁၁ ခုနှစ် အောက်တိုဘာလအတွင်း ၎င်းရွှေချောင်း ချောင်းရေကျမှုကြောင့် ပြည်သူများ၏ အသက်အိုးအိမ်များစွာ ပျက်စီး ဆုံးရှုံးခဲ့ပြီး  ရွှေချောင်းတံတားလည်း အစင်းလိုက် ရေထဲမြောပါ သွားခဲ့ဖူးသည်။
ဓာတ်ပုံ-( ပြည့်ဖြိုးကျော်)