ဖမ်းဆီးခံ စစ်ကိုင်းအလုပ်သမားများ၊ ကျောင်းသားနှင့် ဝန်းရံပြည်သူများ

စစ်ကိုင်းမြို့မှ နေပြည်တော်ထိ ချီတက်လမ်းလျှောက်စဉ် ဖမ်းဆီးခံထားရသည့် စစ်ကိုင်းအလုပ်သမားသပိတ်မှ အလုပ်သမားများ၊ ဗ.က.သ ကျောင်းသားများနှင့် ဝန်းရံပြည်သူအချို့ကို ပထမဆုံးအကြိမ် ရုံးထုတ်မှုအဖြစ်  တပ်ကုန်းမြို့တရားရုံးသို့ ဇွန်လ ၁ရက်၊ နေ့လည်တွင် ရုံးထုတ်လာသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)၊ မေလ ၁၈ရက်က တပ်ကုန်းမြို့အဝင်တွင် အာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ရမည်းသင်းအကျဉ်းထောင်သို့  ပို့ဆောင်ထားခြင်းဖြစ်သည်။ ယခု ရုံးထုတ်မှုတွင် အလုပ်သမား ၇ဦး၊ အလုပ်သမားများကို ဝန်းရံသည့် ဗ.က.သ  ကျောင်းသား ၅ဦးနှင့် ဝန်းရံပြည်သူ ၃ဦး ပါဝင်သည်။ အလုပ်သမား ၃၆ဦးကိုမူ မေလ ၃၁ရက်တွင် အစိုးရက  ပြန်လွှတ်ပေးလိုက်ပြီဖြစ်သည်။