မန္တလေးမြို့ ရှိ စည်ပင်လုပ်သားများအားတွေ့ရစဉ်

၂၀၁၆ ခုနှစ် မေလ ၃၁ ရက်နေ့ ညပိုင်းမှ စပြီး မန္တလေးမြို့ တွင် မိုးရွားသွန်းလျက်ရှိရာ မန္တလေးမြို့ ရှိ ရွှေတချောင်း မြောင်းအတွင်း မျောပါလာပြီး ချောင်းကူးတံတားများတွင် ပိတ်ဆို့နေသော အမှိုက်များကို မန်းစည်ပင်လုပ်သားများမှ ဇွန်လ ၁ ရက်နေ့နံနက်ပိုင်းက ဖယ်ရှားရှင်းလင်းနေစဉ်။ (ဓာတ်ပုံ ဘိုဘို မဇ္ဈိမ) စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတစ်ခုကို  ပြုပြင်ပြောင်းလဲနေချိန်တွင်   ပြည်သူများဘက်မှလည်း   စည်းကမ်းလိုက်နာရန် လိုအပ်လာပြီဖြစ်ရာ ချောင်းများ၊ မြောင်းများအတွင်းသို့ အမှိုက်စွန့် ပစ်ခြင်းများကို တတ်နိုင်သမျှ မပြုလုပ်ကြရန် အရေးကြီးသည်။