ရိုဟင်ဂျာဆိုသည့်ဝေါဟာရ ဆက်လက်သုံးစွဲမည်ဟု ကန်သံအမတ်သစ်ပြော

အမေရိကန်သံအမတ် စကော့မာဒီယယ် မေ ၁၀ရက် နံနက်က ရန်ကုန်မြို့ရှိ အမေရိကန်စင်တာတွင် မီဒီယာများ၊ လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံစဉ်။ ဓာတ်ပုံ-ဟောင်ဆာ(ရာမည)
၂၀၁၆ မတ်လက အမေရိကန်သံအမတ်အဖြစ် စတင်တာဝန်ယူခဲ့သည့် မစ္စတာ စကော့မာဒီယယ်က တွေ့ဆုံပွဲတွင် အမေးအဖြေကဏ္ဍများ ပြုလုပ်ခဲ့ပြီး ၎င်းအနေဖြင့် မြန်မာပြည်သူလူထုအများစု ကန့်ကွက်နေသည့် ရိုဟင်ဂျာဆိုသည့် အသုံးအနှုန်းကို ဆက်လက်သုံးစွဲသွားမည်ဟု တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။ မကြာသေးမီကပင် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှလည်း မြန်မာပြည်သူများ ကန့်ကွက်နေသည့် ရိုဟင်ဂျာအသုံးအနှုံးကို မသုံးဆွဲရန် ပြောဆိုထားသည်။