TOYOTA မှထုတ်လုပ်သော Fortuner အမျိုးအစားကား ပြပွဲ

ပုံစံဒီဇိုင်းလှပပြီး အကြမ်းခံသည်ဟု မှတ်ချက်ပြု မွမ်းမံ ထုတ်လုပ်ထားသည့် TOYOTA , SUV(Sport-Utility Vehicle ) အမျိုးအစားဖြစ်သည့် 4WD ( 4-Wheel-Drive) စွမ်းဆောင်ရည်ရှိသော Fortuner
အား မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် တရားဝင် စတင်ဖြန့်ဖြူးရောင်းချတော့မည်ဖြစ်ကြောင်း Toyota က ကြေညာသည်။ TOYOTA မှ ထုတ်လုပ်သည့် Fortuner အမျိုးအစား ကားနှင့် ပတ်သက်သည့် စာနယ်ဇင်းမိတ်ဆက်ပွဲကို မေလ ၅ ရက်နေ့တွင် ရန်ကုန်မြို့၊ လှိုင်မြို့နယ် ၂ ရပ်ကွက် ၊Toyota Mingalar ( Showroom ) တွင် ကျင်းပခဲ့သည်။
(ဓာတ်ပုံ - သူရ၊ မဇ္ဈိမ)