ပုသိမ်ကြီးမြို့နယ်တရားရုံးနှင့် အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့တို့တွင် တွင် ဆန္ဒပြ

ပုသိမ်ကြီးမြို့နယ်အတွင်းရှိ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီနှင့် စစ်မှုထမ်းဟောင်းအဖွဲ့တို့မှ သိမ်းယူထားသောလယ်ယာမြေများ ပြန်လည်ရရှိအောင် ကူညီဆောင်ရွက်ပေးခဲ့သူ ကိုမျိုးဝင်းအား ပြန်လည်လွှတ်ပေးရန်နှင့် အမှုများရုတ်သိမ်းပေးရန်အတွက် ဧပြီလ ၂၅ ရက်၊နံနက် ၁၀ နာရီက ပုသိမ်ကြီးမြို့နယ်တရားရုံးနှင့် အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့တို့တွင်   ဒေသခံတောင်သူတစ်ချို့က တောင်းဆိုခဲ့ကြသည်။ အဆိုပါ ကိုမျိုးဝင်းအား ပုဒ်မ ၆၁ ၊၄၄၇၊၄၂၇ တို့ဖြင့် ၂၀၁၅ ခုနှစ်၊ဇန်နဝါရီလက စတင်ဖမ်းဆီးခံရခြင်းဖြစ်သည်။
(ဓာတ်ပုံ၊အောင်ကိုဦး၊မဇ္ဈိမ)