စတော့ရှယ်ယာစျေးကွက် စဖွင့်သည့်နေ့တွင် ကျပ် ၅၀၀၀တက်

စတော့ရှယ်ယာဈေးကွက်ကို မတ်လ ၂၅ရက် ၉နာရီက ၂၆,၀၀၀ကျပ်ဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး နံနက် ၁၁နာရီတွင် ရှယ်ယာဈေး ၅၀၀၀တက်ကာ ၃၁,၀၀၀ဖြစ်သွားခဲ့သည်။ မတ်လ ၂၅ရက်တွင် ရှယ်ယာအရောင်းပမာဏ ကျပ်သန်း ၁၃၂၁ သန်းအထိရှိခဲ့သည်။ ရှယ်အရောင်းအဝယ်၏ Matching Priceကို နေ့စဉ် ၂ ကြိမ် ပြသမည်။ နံနက် ၁၁ နာရီတစ်ကြိမ် နှင့် နေ့လည် ၁ နာရီတစ်ကြိမ်ဖြစ်သည်။ (ဓာတ်ပုံ-လှိုင်မျိုးထွန်း)