အပစ်မရပ်သေးတဲ့အဖွဲ့တွေ အစိုးရသစ်နဲ့ ဆွေးနွေးမည့်အချက် အဖွဲ့တွင်း အကြိုဆွေးနွေး

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း (NCA) လက်မှတ်မထိုးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများက အစိုးရသစ်နှင့် ငြိမ်းချမ်းရေးနှင့် နိုင်ငံရေး ဆိုင်ရာဆွေးနွေးရာတွင် အဓိကဖြစ်သော ကာကွယ်ရေးနှင့် လုံခြုံရေး ဆိုင်ရာများအတွက် အလုပ်ရုံ ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၄ ရက်မှ ၁၆ ရက်အထိ ထိုင်းနိုင်ငံ နယ်စပ် တစ်နေရာတွင် သုံးရက်ကြာ ကျင်းပခဲ့သည်။
(ဓာတ်ပုံ - ဖနိဒါ)