ပြေတီဦးနှင့် အိန္ဒြာကျော်ဇင်တို့၏ ဒုတိယမြောက် ရင်သွေးမွေးဖွား

ရန်ကုန်၊ ဇွန် ၂၇ ။    ။ သရုပ်ဆောင် ပြေတီဦး နှင့် အိန္ဒြာကျော်ဇင် တို့၏ ဒုတိယမြောက် ရင်သွေး လေးကို ဇွန်လ ၂၇ရက် နံနက် ၆နာရီ (စနေနေ့) တွင် ဝိတိုရိယ ဆေးရုံ၌ မွေးဖွား ခဲ့သည်။ ဒုတိယမြောက် ရင်သွေးမှာ သားလေး ဖြစ်ပြီး ကိုယ် အလေးချိန် ၇ပေါင် ၁၂အောင်စ ရှိကာ သားလေး ဓါတ်ပုံများနှင့် ၎င်းတို့၏ သမီးဦးလေး ပြေသုဒြာ တို့၏ ဓါတ်ပုံများကို ၎င်းတို့၏  Facebook Fan Page တွင် တင်ထား ခဲ့ရာ ပရိသတ်များက  Like & Share များ ပြုလုပ်ပေးကြပြီး ဆုတောင်းပေးကြသည်ကိုတွေ့ရသည်။
ဓါတ်ပုံ -  We Love Eaindra Kyaw zin