ဂျပန်ကာတွန်း ပြုလုပ်ဖန်တီးရေးဆွဲ မှု အနုပညာနဲ့ game ဖန်တီးမှု အနုပညာတွေ ပြသမယ့် ပွဲ

ဂျပန်ယဉ်ကျေးမှု ဝန်ကြီးဌာန အနုပညာအမျိူးသားပြတိုက် (တိုကျိူ ) နဲ့ မြန်မာယဉ်ကျေးမှုဝန်ကြီးဌာန အမျိူးသားပြတိုက် (ရန်ကုန်) တို့ ပူးပေါင်းစီစဉ်ကျင်းပတဲ့ ဂျပန်ကာတွန်း ပြုလုပ်ဖန်တီးရေးဆွဲ မှု အနုပညာနဲ့ game ဖန်တီးမှု အနုပညာတွေ ပြသမယ့် ပွဲကိုဖေဖော်ဝါရီလ ၁၄ ရက်နေ့ မှ မတ်လ ၆ ရက်နေ့ထိ ပြည်လမ်းက အမျိူးသားပြတိုက်မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ် ။
ဂျပန်နိုင်ငံ က အန်နီမေးရှင်းကာတွန်း ရုပ်ရှင်ဗီဒီယို နဲ့ဂိမ်းတွေဟာ ကမ္ဘာ တစ်ဝှမ်းလုံးမှာ လူကြိုက်များတာအားလုံး အသိပါ။ တီထွင်ဖန်တီးမှု အမျိူးအစားပေါင်း ( ၄၆ ) မျိုးကို ပြသမှာဖြစ်တာကြောင့် ဂျပန် ကာတွန်းအန်နီမေးရှင်း နဲ့ဂိမ်း ( MANGA * ANIME * GAME ) တွေပြုလုပ်ပုံကိုစိတ်ဝင်စားတဲ့ သူတွေ မည်သူမဆိုအခမဲ့လာရောက် ပြီးလေ့လာနိုင်ပါတယ်။ အဆိုပါ ဖွင့်ပွဲ ကို ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းဆွေ ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mr.HIGUCHI TATESHI  နှင့် ဂျပန်နိုင်ငံ ယဉ်ကျေးမှုဝန်ကြီး ကိုယ်စား Mr.KATOU TAKASHI တို့က ပြပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။
(Photo - Thura Mizzima)