မဲစာရင်းစစ်ဆေးကြရန် ဒေါ်အောင်ဆန်းစုကြည် လိုက်လံတိုက်တွန်းနေ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည့် အခြေခံမဲဆန္ဒရှင်စာရင်းများကို သွားရောက်ကြည့်ရှုကြရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က အစိုးရရုံး စိုက်ရာ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ ကျည်တော်ရွာတွင် ဇွန် ၂၇ရက်က တစ်အိမ်တက်၊ တစ်အိမ်ဆင်း လိုက်လံတိုက်တွန်းလျက်ရှိသည်။ ယခုသတင်းပေးပို့သည့် ၃နာရီ ၂၀မိနစ်တွင် အိမ်ထောင်စု ၅စုကို လိုက်လံတိုက်တွန်းပြီးဖြစ်သည်။ (ဓာတ်ပုံ- မင်းမင်း၊ မဇ္ဈိမ)