ပုသိမ်ကြီးမြို့နယ် ရေကြည်ရွာ မြန်မာ့ရိုးရာ ဝါးယပ်တောင်လုပ်ငန်း

ရှေးဘိုးဘွားအစဉ်အဆက်လုပ်ကိုင်ခဲ့သော လုပ်ငန်းဖြစ်ပြီး အလှူတော်မင်္ဂလာပွဲများ၊ လက်ထပ်ထိမ်းမြား မင်္ဂလာပွဲများ၊ နာရေးကိစ္စများတွင် မြန်မာတို့၏ ဓလေ့တစ်ခုအဖြစ်အသုံးပြု ခဲ့ကြသည့်ပစ္စည်းတစ်ခုလည်းဖြစ်သည်။ ယခုအခါ ကုန်ကြမ်းဖြစ်သော ဝါးရှားပါးလာမှု၊ ပလတ်စတစ် ယပ်တောင်များ အစားထိုးဝင်ရောက်လာမှုကြောင့် ဝါးယပ်တောင်သုံးစွဲလာမှုမှာ ယခင်ကထက် လျှော့နည်းလာပြီး ယခုအခြေအနေအတိုင်းသာဆက်သွားပါက နောက် ၂ နှစ်ခန့်တွင် ဈေးကွက်နှင့် ကုန်ကြမ်းအခြေအနေအရ ဒီလုပ်ငန်းကိုလုပ်ကိုင်ဖို့ခက်ခဲလာနိုင်သည်ဟု ဝါးယပ်တောင်လုပ်ငန်းလုပ်ကိုင်သူ ကိုရဲမင်းအောင်မှ မဇ္ဈိမကိုပြောသည်။ (ဓာတ်ပုံ-ဘိုဘို မဇ္ဈိမ)