အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရ သည်ဟုဆိုကာ ပလိပ်ချည်မျှင်လုပ်သားများ ဆန္ဒပြ

မန္တလေး၊ ဇန်နဝါရီ ၂၄ ။  ။ စက်မှုဝန်ကြီးဌာနအမှတ်(၂) ပလိပ်ချည်မျှင်နှင့် အထည်စက်ရုံဝန်ထမ်းများက ယင်းစက်ရုံဝန်းနှင့် ပလိပ်မြို့အတွင်း ဇန်နဝါရီ ၂၄ရက်နေ့ နံနက် ၈နာရီမှာ နေ့လည် ၁၁နာရီအချိန်အထိ လှည့်လည် ဆန္ဒဖော်ထုတ်ခဲ့သည်။ အစိုးရက ယင်းစက်ရုံကို ၂၀၁၃ခုနှစ်တွင် ပုဂ္ဂလိက ကုမ္ပဏီတစ်ခုဖြစ်သည့် ပန်ဒါကုမ္ပဏီသို့လုပ်ပိုင်ခွင့် လွဲပြောင်းပေးခဲ့ခြင်းလည်းဖြစ်သည်။
လွှဲပြောင်းရယူခဲ့သည့် အဆိုပါကုမ္ပဏီက စာချုပ်ပါအချက်များကိုချိုးဖောက်နေသဖြင့် အလုပ်သမား အခွင့်အရေးများဆုံးရှုံးနေ သည်ဟုဆိုကာ ယခင်အစိုးရဝန်ထမ်းဖြစ်ခဲ့သည့် ပန်ဒါကုမ္ပဏီဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များအပါအဝင် အင်အား၆၀၀ဖြင့် ဆန္ဒဖော်ထုတ်ကြခြင်းလည်းဖြစ်သည်။
(ဓာတ်ပုံ-အောင်ကိုဦး မဇ္ဈိမ)