ဒီမိုကရေစီ မထွန်းကားတဲ့နိုင်ငံ

ဒီမိုထက် ------------(ဆောင်းပါး)

ကျွန်တော်ငယ်ငယ်က ဗုဒ္ဓဘာသာ၀င်တွေ သတ်မှတ်ထားတဲ့ရန်သူမျိုးငါးပါးကို ဘ၀င်မကျဖြစ်ခဲ့ဖူးတယ်။ “ရေ၊ မီး၊ မင်း၊ ခိုးသူ၊ မချစ်မနှစ်သက်သောသူ”တဲ့။ ကျွန်တော့်ငယ်ဘ၀မှာ ဒီအကြောင်းကို နက်နက်‌နဲနဲတွေးခဲ့ဖူးတယ်။ လူကြီးတွေကိုလည်း မေးခဲ့ဖူးတယ်။ ရေ၊ မီး၊ ခိုးသူနဲ့ မချစ်မနှစ်သက်‌သူ စတာတွေကို အဖြေရှာပြီး လက်ခံထားနိုင်ပေမယ့် မင်း(ရှင်ဘုရင်)ဟာ ဘာကြောင့်ရန်သူဖြစ်ရတာလဲဆိုတာ တွေးမရခဲ့ဘူး။ ကလေးအတွေးမှာတောင် တိုင်းပြည်အုပ်ချုပ်မယ့်သူဟာ ရန်သူမဖြစ်ထိုက်ဘူး၊ ရန်သူလို့သတ်မှတ်ထားတာ‌တောာင်မှ ဘာကိုကြောက်ပြီး လက်ခံနေရမှာလဲ လို့ပဲမေးခွန်းထုတ်မိပါတယ်။

Pages

Subscribe to Mizzima Myanmar News and Insight RSS