မန်ယူအသင်းဂျာစီ ကျောနံပါတ် ရ ဝတ်ဆင်ထားတဲ့ ဆန်းချက်ဇ်ရဲ့ ဓာတ်ပုံပေါ်ထွက်လာ

မန်ယူအသင်းဂျာစီ ကျောနံပါတ် ရ ဝတ်ဆင်ထားတဲ့ ဆန်းချက်ဇ်ရဲ့ ဓာတ်ပုံပေါ်ထွက်လာ
(ဓာတ်ပုံ - တွစ်တာ)

အလက်ဆစ် ဆန်းချက်ဇ်ဟာ အာဆင်နယ်အသင်းမှ အပြီးသတ်ပြောင်းရွှေ့ဖို့ ပိုမိုနီးစပ်လာသလို မန်ယူအသင်းဂျာစီ ကျောနံပါတ် ၇ ဝတ်ဆင်ထားတဲ့ ၎င်းရဲ့ ဓာတ်ပုံမှာလည်း အွန်လိုင်းစာမျက်နှာများထက် ရောက်ရှိလာပါတယ်။

ချီလီတိုက်စစ်မှူးဟာ အပြောင်းအရွှေ့အပြီးသတ်းနိုင်ဖို့ တနင်္ဂနွေနေ့က မန်ချက်စတာကို ခရီးထွက်ခဲ့သလို မစ်ခီတာရီယန်မှာလည်း အာဆင်ဝင်းဂါးရဲ့ အာဆင်နယ်အသင်းမှာ မြင်တွေ့ရတော့မှာဖြစ်ပါတယ်။

ဆန်းချက်ဇ်နှင့် မစ်ခီတာရီယန်တို့ဟာ မန်ယူ၊ အာဆင်နယ်အသင်းများမှာ ၎င်းတို့ရဲ့ work permits များကို အသစ်ပြုလုပ်ရန်သာ လိုအပ်နေတယ်လို့ သိရပါတယ်။

ဆန်းချက်ဇ်ဟာ ယခုအခါ မန်ယူအသင်းနဲ့ ဆေးစစ်မှုခံရခဲ့ပြီး ပရီးမီးယားလိဂ်မှာ အမြင့်ဆုံးလုပ်ခလစာရရှိတဲ့ ကစားသမားဖြစ်လာမယ့် လေးနှစ်ခွဲစာချုပ်ကို လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ပါတယ်။

မန်ယူအသင်းမှ တရားဝင်ထုတ်ပြန်ကြေညာချက်ကို နောက် ၄၈ နာရီအကြာမှာ ကြေညာဖို့ မျှော်လင့်ထားပါတယ်။ ဒါပေမယ့် တနင်္ဂနွေနေ့ညနေပိုင်းက အိုးထရက်ဖို့ဒ်မှာ မန်ယူအသင်းရဲ့ ကျောနံပါတ် ၇ ဝတ်ဆင်ထားတဲ့ ဆန်းချက်ဇ်ရဲ့ ဓာတ်ပုံတစ်ပုံ ထွက်ပေါ်လာခဲ့ပါတယ်။

အဆိုပါဓာတ်ပုံကို The Man Utd Way အမည်ရ တွစ်တာစာမျက်နှာက ဖော်ပြခဲ့တာဖြစ်ပြီး အသက် ၂၉ နှစ်အရွယ် ကစားသမားဟာ ၎င်းရဲ့ ဖုန်းဖြင့် ရုပ်သံရိုက်ကူးနေတာဖြစ်တယ်လို့ ၎င်းတွစ်တာအကောင့်က ရေးသားခဲ့ပါတယ်။

ဆန်းချက်ဇ်အနေနဲ့ လာမယ့်အင်္ဂါနေ့မှာ မန်ယူအသင်းသားတွေနဲ့အတူ လေ့ကျင့်ခန်းဆင်းဖွယ်ရှိနေပြီး သောကြာနေ့မှာ ကစားမယ့် ယိုဗယ်လ်နှင့် အက်ဖ်အေဖလားပွဲမှာ အသင်းသစ်အတွက် ပထမဦးဆုံး ပွဲထွက်ကစားဖွယ်ရှိနေပါတယ်။

ယူနိုက်တက်အတွက် ဆန်းချက်ဇ်ရဲ့ ပထမဆုံးပရီးမီးယားလိဂ်ပွဲမှာ ဇန်နဝါရီ ၃၁ ရက်မှာ ဝင်ဘာလေကွင်းမှာ ကစားမယ့် စပါအသင်းနဲ့ ပွဲဖြစ်လာဖွယ်ရှိတယ်လို့ သိရပါတယ်။

Ref; Metro

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags