ဆိုးဝါးသည့် ဆောင်းရာသီကြောင့် အမေရိကန်တောင်ပိုင်းတွင် လမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်

ဆိုးဝါးသည့် ဆောင်းရာသီကြောင့် အမေရိကန်တောင်ပိုင်းတွင် လမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်

နယူးယောက်၊ ဇန်နဝါရီ ၁၇ ။          ။ ဆောင်းရာသီ ဆီနှင်းများ ဆိုးဝါးစွာ ကျဆင်းခြင်းကြောင့် အမေရိကန်တောင်ပိုင်းတွင် ခရီးသွားလာမှုများ ပြတ်တောက်နေပြီး လူဝီစီးနားတွင် ပြည်နယ်ချင်းဆက် လမ်းမကြီး ပိတ်ထားရကာ ကင်တက်ကီတွင်လည်း အဝေးပြေးလမ်းများ ယာဉ်မတော်တဆမှုများ ဖြစ်ပွားလျက်ရှိသည်။

ကင်တက်ကီပြည်နယ် အနောက်ပိုင်းနယ်မြေတွင် ပြည်နယ်ချင်းဆက်လမ်းအမှတ် ၂၄ တွင် ယာဉ်တိုက်မှုများ ဖြစ်ပွားရာမှ ဆယ်မိုင်တာ လမ်းပိုင်းကို ပိတ်ထားရသကဲ့သို့ တောင်ပိုင်းနယ်မြေရှိ   ပြည်နယ်ချင်းဆက်လမ်းအမှတ် ၆၅ တွင်လည်း တောင်ပိုင်းသို့ ဦးတည်လမ်းမများကို ပိတ်ထားရသည်။

အဆိုပါ ယာဉ်တိုက်မှုများတွင် ဆိုးဝါးသည့် ယာဉ်ငါးစီး ဆင့်တိုက်မှုအတွင်း ဒဏ်ရာရသူများစွာ ရှိကြောင်း အာဏာပိုင်များက ပြောသည်။

တန်နက်စီပြည်နယ်အခြေအနေမှာ ပြည်နယ်အလယ်ပိုင်းဒေသများတွင် ဆီးနှင်း ခြောက်လက်မကျော်အထိ ကျဆင်းနိုင်ကြောင်း ခန့်မှန်းထားသည်။

လူဝီစီးနားက ပြည်နယ်ချင်းဆက်လမ်းအမှတ် ၄၉၊ ၂၀ နှင့် ၂၂၀ လမ်းမများကိုလည်း ပိတ်ထားရသည်။

မစ္စစီပီပြည်နယ်က စီရင်စု ၈၂ ခုတွင် ၃၆ ခုမှာ အအေးလွန်ကဲသော ဆောင်းရာသီ၏ ဆီးနှင်းများကျဆင်းခြင်းအပြင် လမ်းများ ရေခဲဖုံးနေပြီး မြောက်ပိုင်းနှင့် အလယ်ပိုင်းတို့တွင် အများဆုံးဖြစ်ပေါ်နေကြောင်း မစ္စစီပီ သယ်ယူပို့ဆောင်ရေးဌာနက ထုတ်ပြန်သည်။

အဆိုပါ ပြည်နယ်က ဆီးနှင်းဆိုးဝါးလွန်းစွာ ကျဆင်းမှုတွင် ဒဲလ်တာနယ်မြေဒေသက အဆိုးဆုံးဖြစ်နိုင်ပြီး ဆီးနှင်း ၃ လက်မကျော်အထိ ကျဆင်းနိုင်ကြောင်း ခန့်မှန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly