ရီးယဲလ်အသင်းကို ၁၀ နှစ်ခန့်နည်းပြနိုင်မည်မဟုတ်သည်ကို သိရှိကြောင်း ဇီဒန်းပြော

ရီးယဲလ်အသင်းကို ၁၀ နှစ်ခန့်နည်းပြနိုင်မည်မဟုတ်သည်ကို သိရှိကြောင်း ဇီဒန်းပြော

ဇန်နဝါရီ ၉၊ စပိန် ။            ။ ရီးယဲလ်မက်ဒရစ်အသင်းကို ၁၀ နှစ်ခန့်နည်းပြနိုင်မည်မဟုတ်ကြောင်းကို ၎င်းအနေဖြင့်သိရှိကြောင်း နည်းပြဇီဒန်းက ပြောဆိုလိုက်သည်။

ဇီဒန်းသည် ရီးယဲလ်အသင်းကို ချန်ပီယံလိဂ်ဆုဖလား ၂ လုံးနှင့် လာလီဂါဆုဖလား ၁ လုံးရရှိအောင် စွမ်းဆောင်ပေးထားနိုင်သော်လည်း လက်ရှိတွင် ဖိအားများနှင့်ရင်ဆိုင်ရလျက်ရှိသည်။

ယခုနှစ်တွင် ရီးယဲလ်အသင်းမှာ လာလီဂါတွင် ပွဲစဉ် ၁၇ ပွဲပြီးဆုံးချိန်၌ အမှတ်ပေးဇယားထိပ်ဆုံးမှ ဘာစီလိုနာနှင့် ၁၆ မှတ်အထိ ကွာဟနေပြီး ရုန်းကန်ရလျက်ရှိသည်။

“တစ်နေ့နေ့မှာ ရီးယဲလ်နည်းပြအလုပ်က အဆုံးသတ်သွားမယ်ဆိုတာ သိပါတယ်။ ဒါကြောင့် အောင်မြင်မှုရနိုင်သမျှရအောင် ကြိုးစားနေပါတယ်။ ကျွန်တော်ကိုယ့်ကိုကိုယ်အမြဲပြောပါတယ်။ ဒီမှာ ၁၀ ရက်နေခွင့်ရရင် ၁၀ ရက်နေမယ်။ ၆ လပဲ နေခွင့်ရတော့မယ်ဆိုလည်း ၆ လနေမယ်။ ရီးယဲလ်မှာ ၁၀ နှစ်လောက် နည်းပြနိုင်မှာ မဟုတ်ဘူးဆိုတာ သိပြီးသားပါ” ဟု ဇီဒန်းက ပြောသည်။

ဇီဒန်းက ၎င်းအနေဖြင့် အိမ်ကိုပြန်ရောက်ပါက အလုပ်ကိုမေ့ထားပြီး မိသားစုနှင့်ပျော်ရွှင်အောင်နေထိုင်ကြောင်းလည်း ပြောဆိုခဲ့သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly