Waterdrop Screen ရေစက်ပုံစံမျက်နှာပြင်ဒီဇိုင်းဆီသို့ အဆင့်ဆင့်ပြောင်းလဲလာခဲ့သည့် နိဒါန်း

.

မိုဘိုင်းဖုန်းများ၏ ကနဦးမျက်နှာပြင်ဒီဇိုင်းက လေးထောင့်ဆန်ဆန်ကိုအခြေခံပြီး ဘေးဘောင်အကျဉ်းအကျယ်များဖြင့် ဖန်တီးပေါ်ထွက်လာခဲ့ခြင်းဖြစ်သလို ပုံမှန် 16:9 aspect ratio အရွယ်အစားရှိသည့် Screen မျက်နှာပြင်များဖြင့်သာ မိုဘိုင်းဖုန်းသုံးစွဲသူများပိုမိုရင်နှီးထိတွေ့ခဲ့ကြရပြီး ဖုန်းမျက်နှာပြင်ဒီဇိုင်းပိုင်းလှပဆန်းသစ်မှုကိုလည်း ကြီးမားမားဖြည့်ဆည်းပေးနိုင်ခြင်းမရှိခဲ့ပေ။ OPPO အနေဖြင့် ၂ဝ၁၆ အစောပိုင်းမှစတင်ကာ ကင်မရာအသားပေး F series ဖုန်းများကိုမိတ်ဆက်ပေးခဲ့ပြီး F1, F1s, F1 Plus, F3 Plus, F3 အစရှိသည့်ထုတ်ကုန်များတွင် 16:9 aspect ratio မျက်နှာပြင်အရွယ်စားများကိုသာ အဓိကထား အသုံးပြုပေးခဲ့ခြင်းဖြစ်သည်။

၂ဝ၁၇ အကုန်ပိုင်းတွင် ဖုန်းမျက်နှာပြင်ဒီဇိုင်းအချိုးအစားကို မျက်နှာပြင်အပြည့်ပုံစံအဖြစ် မိတ်ဆက်ဖန်တီးပေးခဲ့ရာတွင် ပုံမှန် 16:9 aspect ratio မှ 18:9 aspect ratio အထိ တိုးမြင့်လာခဲ့ပြီး ဖုန်း၏မျက်နှာပြင်ကိုကြည့်ရှုအသုံးပြုရသည့် Viewing Experience များပိုမိုကောင်းမွန်လာခဲ့သည်။ အဆိုပါဖုန်းများတွင် OPPO F5 series များကအဓိကပါဝင်ခဲ့ပြီး သုံးစွဲသူများပိုမိုတောင်းတခဲ့ကြသည့် bezel less ဘေးဘေင်းကျဉ်းဒီဇိုင်းမျိုးကို ပိုမိုအသက်သွင်းပေးနိုင်ခဲ့သည်။ ထို့နောက် ၂ဝ၁၈ နှစ်လယ်လောက်တွင်မိတ်ဆက်ပေးခဲ့သည့် OPPO F7 series ထုတ်ကုန်များတွင်မှု မျက်နှာပြင်အချိုးအစားမှာ 19:9 aspect ratio အထိရောက်ရှိလာခဲ့သလို မိုဘိုင်းလောက၏ ခေတ်ရေစီးကြောင်းဒီဇိုင်းဖြစ်သော Notch Screen အဖြစ်ပါပေါ်ထွက်လာနိုင်ခဲ့သည်။ သို့ရာတွင် သုံးစွဲသူများအကြားတွင် ယခုကဲ့သို့ Notch Screen ပါဝင်လာသည့်ဖုန်းဒီဇိုင်းကိုကြိုက်နှစ်သက်သူများရှိသလို သိပ်သဘောမတွေ့ကြသည့်သုံးစွဲသူများလည်း ရှိနေခဲ့ကြသည်။

ဖုန်းတစ်လုံးကို ဆက်သွယ်ရေးကိရိယာတစ်ခုအဖြစ်သာမက ကိုယ့်နေ့စဉ်ဘဝ၏ဖတ်ရှင် အသုံးအဆောင်ပစ္စည်းတစ်ခု အဖြစ်ပါ ရည်ရွယ်အသုံးပြုလာကြသည့် လူငယ်ထုများက မျက်နှာပြင်တီထွင်ဆန်းသစ်မှုကို ပိုမိုတောင်းဆို လျက်ရှိကြောင်း ဈေးကွက်အသံများက သက်သေထူလျက်ရှိသည်နှင့်အတူ OPPO က ပုံမှန် Notch Screen ရေစီးကြောင်းမှ ပိုမိုဆန်းသစ်စေမည့် ရေစက်ပုံစံမျက်နှာပြင်ဟုခေါ်ဝေါ်သည့် Waterdrop Screen ဖုန်းများကိုတိုးတက် ထုတ်လုပ်လာခဲ့ရာ ယခုဆိုလျှင် OPPO F9 စမတ်ဖုန်းတွင် Waterdrop Screen ကို စတင်တွေ့ရှိရမည်ဖြစ်သည်။

ယခုရေစက်ပုံစံမျက်နှာပြင်ဒီဇိုင်းကြောင့် ဖုန်းကိုကြည့်ရှုအသုံးပြုရာတွင် ပိုမိုကျယ်ဝန်းပြည့်ဝသည့်မြင်ကွင်းစနစ်ကိုရရှိစေမည်ဖြစ်သည့်အပြင် 19.5:9 aspect ratio အချိုးအစားကြောင့်   ဘေးဘောင်များမှာလည်း ယခင်ထက်ပိုမိုပါလျာကျစ်လျစ်လာစေမည်ဖြစ်သည်။ ပထမဆုံးထူးခြားဆန်းသစ်ပြီး ဖုန်း၏မြင်ကွင်းကြည့်ရှုမှုကိုပါပိုမိုအားကောင်းသွားစေမည့် ပထမဆုံး Waterdrop Screen မျက်နှာပြင်သုံး OPPO F9 ကို လာမည့်သြဂုတ်လ ၃ဝရက်တွင် မြန်မာနိုင်ငံ၌ တရားဝင်မိတ်ဆက်ပေးသွားမည်ဖြစ်သည်။