ကက်ရှ်မီးယားဒေသရှိ အိန္ဒိယ စစ်စခန်းကို သူပုန်များ ၀င်ရောက်စီးနင်း

ကက်ရှ်မီးယားဒေသရှိ အိန္ဒိယ စစ်စခန်းကို သူပုန်များ ၀င်ရောက်စီးနင်း

ကက်ရှ်မီးယား၊ ဒီဇင်ဘာ ၃၁ ။       ။ အိန္ဒိယနိုင်ငံ ကက်ရှ်မီးယားဒေသရှိ စစ်စခန်းတစ်ခုကို တနင်္ဂနွေနေ့တွင် သူပုန်များက ၀င်ရောက်စီးနင်းခဲ့ပြီး အိန္ဒိယစစ်သားတစ်ဦးသေဆုံးကာ နှစ်ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက သတင်းထုတ်ပြန် ခဲ့သည်။

လက်သ်ပိုရာကျေးရွာအနီးရှိ စစ်စခန်းအတွင်းသို့ တနင်္ဂနွေနေ့ မနက်အစောပိုင်းက သေနတ်သမား ၂ဦး     ထက်မနည်း ၀င်ရောက်ပစ်ခတ်ခဲ့ပြီး လက်ပစ်ဗုံးများကိုပါ အသုံးပြုခဲ့ကြောင်း စစ်စခန်းမှပြောရေးဆိုခွင့်ရှိသူ ရာဂျက်ရှ်ယာဒပ်ဗ်က ဆိုခဲ့သည်။

စစ်စခန်းအတွင်းမှ စစ်သားများသည် တိုက်ခိုက်မှုများကို တုံ့ပြန်တိုက်ခိုက်ခဲ့ကြောင်း သူက ဆိုခဲ့သည်။

ဒါ့အပြင် စစ်သားများနှင့် သောင်းကျန်းသူတန်ပြန်ခုခံရေးတပ်ဖွဲ့မှ ရဲများသည် စစ်စခန်းကိုဝန်းရံပိတ်ဆို့ကာ သူပုန်များနှင့် အပြန်အလှန်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ယင်းစစ်စခန်းသည် အိန္ဒိယနှင့် ဆက်စပ်နေသည့် ကမ်ရှ်မီးယားတောင်ကြားမှ မဟာဗျူဟာကျသော အဝေးပြေး လမ်းမတစ်လျှောက်၌တည်ရှိကြောင်း သိရသည်။

ထိုစစ်စခန်းသည် သောင်းကျန်းသူများကို တန်ပြန်နှိမ်နင်းသည့် စစ်ဆင်ရေးများ ပြုလုပ်လေ့မရှိသော်လည်း စစ်သားများကို သင်တန်းပေးသည့် စခန်းဖြစ်ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုနှင့်ပက်သက်၍ အိန္ဒိယအစိုးရကို ဆန့်ကျင်တိုက်ခိုက်နေသော မည်သည့်သူပုန်အဖွဲ့အစည်းက မှ ၄င်းတို့၏လက်ချက်ဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုခြင်း မရှိသေးကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly