ဂျပန်နိုင်ငံမှာ ကျင်းပမယ့် Japan-Mekong Youth Sports Exchange ပြိုင်ပွဲကို မြန်မာ ယူ-၁၇ အသင်း ဝင်ရောက်ယှဉ်ပြိုင်မည်

.

(ဓာတ်ပုံ - MFF)

ဂျပန်နိုင်ငံ၊ ဖူကူရှီးမားမြို့မှာ အောက်တိုဘာလ ၃ ရက်မှ ၁၀ ရက်အထိ ကျင်းပပြုလုပ်မယ့် JENESYS 2018 Inbound Program 5th Batch Japan-Mekong Youth Sports Exchange ဘောလုံးပြိုင်ပွဲကို ဂျပန်နိုင်ငံဘောလုံးအဖွဲ့ချုပ် JFA ရဲ့ ဖိတ်ကြားချက်အရ မြန်မာ ယူ-၁၇ အသင်း ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။

JENESYS 2018 program မှာ မဲခေါင်ေ ဒသ၅ နိုင်ငံသာမက အာရှဒေသပင်လယ်တွင်းရှိ နိုင်ငံများမှ လူငယ်များ အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်စေဖို့နဲ့ အနာဂတ်မှာ ပိုမို လက်တွဲ ဆောင်ရွက်သွားစေဖို့ ရည်ရွယ်တဲ့ အစီအစဉ်ဖြစ်ပါတယ်။

အဆိုပါ Japan-Mekong Youth Sports Exchange ကို တိုကျိုမြို့မှာ ပြုလုပ်မယ့် ၁၀ ကြိမ်မြောက် Japan - Mekong Summit Meeting အထိမ်းအမှတ်ကျင်ပ ပြုလုပ်တာဖြစ်ပြီး မဲခေါင်ဒေသရှိ နိုင်ငံများဖြစ်တဲ့ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံများမှ ယူ၁၇အသင်းများနဲ့ ဂျပန် ယူ-၁၇ အသင်းတို့ ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

ပြိုင်ပွဲကျင်းပရာ ဖူကူရှီးမားမြို့ရှိ J Village National Soccer Training Center ဟာ ဂျပန်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ၂၀၁၁ ငလျင် ဒဏ်ခံခဲ့ရပြီးနောက်ပိုင်း ၇နှစ်ကြာမှ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့တဲ့ နေရာဖြစ်ပါတယ်။

ဂျပန်နိုင်ငံအနေနဲ့ J Village ကို အားကစားနဲ့ ပတ်သတ်တဲ့ ပြရုပ်တစ်ခုအနေနဲ့ လူအများကို ဆွဲဆောင်နိုင်ဖို့ ပြန်လည် တည်ဆောက်ထားတာဖြစ်ပါတယ်။

Ref; MFF