လူ ၁၈ဦးသေဆုံးသည့် တိုက်ခိုက်မှုအတွက် အိုင်ဗရီကို့စ်ဝန်ကြီးဟောင်း ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခံရ

လူ ၁၈ဦးသေဆုံးသည့် တိုက်ခိုက်မှုအတွက် အိုင်ဗရီကို့စ်ဝန်ကြီးဟောင်း ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခံရ

 

အာဘစ်ဂျန်၊ ဒီဇင်ဘာ ၂၇ ။                     ။ လွန်ခဲ့သော ၂၀၁၂ ခုနှစ်က ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းသူ ရ ဦးအပါအဝင် လူပေါင်း ၁၈ ဦးသေဆုံးခဲ့ရ သည့် တိုက်ခိုက်မှုတစ်ခုအတွင်း ကြံရာပါအဖြစ်ပါ၀င်ခဲ့မှုအတွက် အိုင်ဗရိကို့စ်ဝန်ကြီးဟောင်းတစ်ဦးကို အင်္ဂါနေ့ တွင် ထောင်ဒဏ်နှစ် ၂၀ ခန့် ချမှတ်ခဲ့သည်။

သမ္မတဟောင်း လောရန့်ဂါဘတ်ဘိုလက်အောက်၌ အမှုထမ်းခဲ့သော အသက် ၆၄နှစ်အရွယ်ရှိ ပြည်သူ့အလုပ် ဌာနဝန်ကြီးဟောင်း ဟူးဘတ်အူလာရီသည် နိုင်ငံအနောက်ပိုင်း၌ ပုန်ကန်ထကြွရန်အတွက် ငွေကြေးနည်းလမ်း များနှင့် ထောက်ပံ့မှုပေးခဲ့သည်ဟု ရှေ့နေချုပ်က အမိန့်ချမှတ်ခဲ့သည်။

“ဒီလိုကြံရာပါအဖြစ်ပါ၀င်တာဟာ တစ်ခါတစ်ရံမှာ ကိုယ်တိုင်ကျူးလွန်တာထက် ပိုမိုအန္တရာယ်ရှိပါတယ်” ဟု ရှေ့ချုပ်က ဖြည့်စွက်ပြောဆိုခဲ့သည်။

အူလာရီက နိုင်ငံရေးပြစ်မှုနှင့် ပြစ်ဒဏ်ချမှတ်ခဲ့သည့် ဂျူရီအဖွဲ့၏ဆုံးဖြတ်ချက်အား ငြင်းဆန်ပယ်ချခဲ့ပြီး သူ၏ ရှေ့နေများက ထိုဆုံးဖြတ်ချက်ကို အယူခံဝင်ရန်ကြိုးပမ်းလျက်ရှိသည်။

ယင်းဖြစ်ရပ်သည် သမ္မတဟောင်းဂါဘတ်ဂိုလက်ထပ်၌ ဖြစ်ပွားခဲ့သောအကြမ်းဖက်မှုများထဲမှ တစ်ခုဖြစ်သည်။ ဂါဘတ်ဂိုသည် လူပေါင်း ၃၀၀၀ ကျော်သေဆုံးခဲ့ရသော လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ ပြစ်မှုများအတွက် လက်ရှိအချိန်တွင် နိုင်ငံတကာရာဇဝတ်ခုံရုံး၌ တရားရင်ဆိုင်ရလျက်ရှိသည်။

အူလာရီ၏ရှေ့နေဖြစ်သော ရိုဒရီဂူဒတ်ဂျီက ဂျူရီအဖွဲ့၏ဆုံးဖြတ်ချက်သည် နိုင်ငံရေးအရဆုံးဖြတ်ချက်ဖြစ်ပြီး ယင်းလုပ်ရပ်သည် အန္တရာယ်များပြီး အငြိုးထားသော အစဉ်အလာများကို ပေါ်ပေါက်လာစေနိုင်သည်ဟု သတိပေးခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly