ရန်ကုန်ယူနိုက်တက်နှင့် ရှမ်းယူနိုက်တက်အသင်းတို့ဟာ ၂၀၁၈ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲအတွက် တတိယမြောက် နိုင်ငံခြားသား ကစားသမားများကို စာချုပ်ချုပ်ဆို ခေါ်ယူလိုက်တယ်လို့ သိရပါတယ်။
ရန်ကုန်ယူနိုက်တက်အသင်းဟာ တတိယမြောက် နိုင်ငံခြားသား ကစားသမားအဖြစ် အသက် ၃၀ ရှိ ဂျပန်ကွင်းလယ်လူ ရာမာဆာကီကို ဒီဇင်ဘာ ၂၄ ရက်က တစ်နှစ် စာချုပ်ချုပ်ဆိုပြီး ခေါ်ယူလိုက်တာဖြစ်ပါတယ်။ အဆိုပါဂျပန်ကွင်းလယ်ကစားသမားဟာ သူ့ရဲ့ ကစားသမားသက်တမ်းမှာ ဂျပန်၊ ဂျာမနီ၊ လာအိုနှင့် အင်ဒိုနီးရှားကလပ်အသင်းများမှာ ကစားခဲ့သူဖြစ်ပါတယ်။
MNL ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းဟာလည်း ဒီဇင်ဘာ ၂၅ ရက်က တောင်ကိုရီးယား ကွင်းလယ်ကစားသမား လီဟန်ကွတ်ကို တစ်နှစ်စာချုပ်ဖြင့် ခေါ်ယူလိုက်တယ်လို့ သိရပါတယ်။
အသက် ၃၀ နှစ်အရွယ်ရှိ ကွင်းလယ်လူဟာ တောင်ကိုရီးယားနှင့် ထိုင်းကလပ်အသင်းများမှာ ကစားခဲ့ဖူးသူဖြစ်ပြီး နောက်ဆုံးကစားခဲ့တဲ့အသင်းမှာ ထိုင်း တတိယတန်းကလပ် ဖရေးယူနိုက်တက်အသင်းဖြစ်ပါတယ်။
ရှမ်းယူနိုက်တက်အသင်းဟာ နိုင်ငံခြားသား ကစားသမား ၄ ဦးထိ ခေါ်ယူမှာဖြစ်ပြီး လက်ကျန် တစ်ဦးကိုလည်း မကြာခင် ခေါ်ယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။
Ref; Shan United FC, Yangon United FC