မူးယစ်စစ်ပွဲနှင့်ပတ်သက်၍ လူ့အခွင့်အရေးကိစ္စကို ထရမ့်ဆွေးနွေးမှာမဟုတ်ဟု သူယုံကြည်ကြောင်း ဒူတာတေး ပြောကြား

မူးယစ်စစ်ပွဲနှင့်ပတ်သက်၍ လူ့အခွင့်အရေးကိစ္စကို ထရမ့်ဆွေးနွေးမှာမဟုတ်ဟု သူယုံကြည်ကြောင်း ဒူတာတေး ပြောကြား

မနီလာ၊ ဖိလစ်ပိုင်၊ နိုဝင်ဘာ ၁၂ ။            ။ ဖိလစ်ပိုင်သမ္မတရိုဒရီဂိုဒူတာတေးက သူ၏မူးယစ်စစ်ပွဲနှင့်ပက်သက်၍ ချီးမွမ်းခဲ့ဖူးသော ဒေါ်နယ်ထရမ့်သည် မနီလာမြို့၌ သူနှင့်တွေ့ဆုံစဉ်တွင် လူ့အခွင့်အရေးကိစ္စအကြောင်းကို အစဖော်ပြောကြားနေမှာမဟုတ်ဟု သူ့ဘက်ကသေချာပြောရဲကြောင်း တနင်္ဂနွေနေ့၌ ပြောကြားခဲ့သည်။

ထရမ့်သည် နှစ်ရက်တာခန့်ကြာမြင့်မည့် အာဆီယံထိပ်သီးစည်းဝေးပွဲမကျင်းပမီ တနင်္ဂနွေနေ့ညနေပိုင်းတွင် ဖိလစ်ပိုင်မြို့တော် မနီလာသို့ ရောက်ရှိလာမည်ဖြစ်ပြီး လူ့အခွင့်အရေးအဖွဲ့များက   ထောင်နှင့်ချီသောလူ့အသက် များ ဆုံးရှုံးခဲ့ရသည့် အငြင်းပွားဖွယ်ရာ မူးယစ်စစ်ပွဲအတွက် ဒူတာတေးကို ဖိအားပေးရန် သူ့အားတိုက်တွန်း လျက်ရှိသည်။

သို့သော်လည်း ဒူတာတေးက ထိုကဲ့သို့ဖြစ်လာမည်မဟုတ်ဟု သူယုံကြည်ကြောင်းပြောဆိုခဲ့သလို ထရမ့်သည် စနေနေ့က ဗီယက်နမ်၌ပြုလုပ်ခဲ့သော ဒေသတွင်းထိပ်သီးစည်းဝေးပွဲ၌ သူ့ကို အားပေးစကားများ ပြောကြားခဲ့ပြီး ဖြစ်ကြောင်း ပြောခဲ့သည်။

“ဒီကိစ္စနဲ့ပက်သက်ပြီး သူကတစ်စုံတစ်ရာပြောခဲ့ပါတယ်။ ခင်ဗျားသိလားတဲ့။ ခင်ဗျားက ဒီကိစ္စကို ကောင်းမွန်စွာ ကိုင်တွယ်နိုင်တယ်လို့ သူကျနော့်ကိုပြောခဲ့ပါတယ်” ဟု ဒူတာတေးက မနီလာမြို့သို့ တနင်္ဂနွေနေ့မနက်ပိုင်းက ပြန်ရောက်စဉ်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

ဒါ့အပြင်သူက ထရမ့်သည် မူးယစ်ဆေးဝါးဖြိုခွင်းမှုအပါအဝင် အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့ကိုထောက်ခံသော ဖိလစ်ပိုင်တောင်ပိုင်းရှိစစ်သွေးကြွများအား စစ်ရေးအရ အရေးယူနိုင်ခဲ့သည်ကိုလည်း ချီးမွမ်းခဲ့ကြောင်း ပြောခဲ့ သည်။

လူ့အခွင့်အရေးအဖွဲ့များက စွပ်စွဲပြောဆိုနေသည့်အတိုင်း မူးယစ်စစ်ပွဲအတွင်း၌ တရားဥပေဒစိုးမိုးမှုမရှိဘဲ လူသတ်ခဲ့ခြင်းနှင့်ပက်သက်၍ ဆွေးနွေးဦးမလားဆိုသည့် မေးခွန်းအား ဒူတာတေးက “ သူဒီကိစ္စကို အစဖော်ပြီး ဆွေးနွေးမှာမဟုတ်တာ သေချာပြောရဲပါတယ်” ဟု ဖြေကြားခဲ့သည်။

ပြီးခဲ့သောနှစ်က ရွေးကောက်ပွဲအနိုင်ရရှိပြီး သမ္မတဖြစ်လာသည့် ဒူတာတေးသည် သူ၏လက်ထက်အတွင်း မူးယစ်ဆန့်ကျင်စစ်ပွဲဆင်နွှဲလျက်ရှိနေပြီး ထိုစစ်ပွဲကြောင့် လူ့အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရကြောင်း လူ့အခွင့် အရေးအဖွဲ့များက ဝေဖန်လျက်ရှိသည်။

သို့သော်လည်း ဖိလစ်ပိုင်လူမျိုးအများစုသည် ဒူတာတေးကို ထောက်ခံကြပြီး သူသည် ရာဇဝတ်မှုများကို ဆန့်ကျင်ဖို့ လိုအပ်သောအရေးယူဆောင်ရွက်မှုများကို လုပ်ဆောင်နေသည်ဟု ယုံကြည်ကြပြီး အခြားတစ်ဖက် တွင် လူ့အခွင့်အရေးအဖွဲ့များက သူသည် လူ့အခွင့်အရေးကိုချိုးဖောက်ကာ ရာဇဝတ်မှုများကို ကိုင်တွယ်ဖြေရှင်း နေကြောင်း သတိပေးနေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly