စဉ့်ကူးရှိ ရေမျောပါ နေအိမ်များအတွက် ထောက်ပံ့ငွေ သိန်း ၄၀၀ ကျော် ပေးအပ်လှူဒါန်း

စဉ့်ကူးရှိ ရေမျောပါ နေအိမ်များအတွက် ထောက်ပံ့ငွေ သိန်း ၄၀၀ ကျော် ပေးအပ်လှူဒါန်း

မန္တလေး၊ နိုဝင်ဘာ ၁၁ ။            ။ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာလ ၆ ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လူနေအိမ်များအတွက် ထောက်ပံ့ငွေ ပေးအပ်လှူဒါန်းပွဲကို နိုဝင်ဘာလ ၁၁ရက်၊နံနက်ပိုင်း၌ စဉ့်ကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် စဉ့်ကူးမြို့နယ်အတွင်းရှိ နွယ်ရုံ၊ကျည်တောက်ပေါက်နှင့် ငါးပြားပေးကျေးရွာတို့မှ ထိခိုက်ပျက်စီးခဲ့သည့် လူနေအိမ် ၈၃ လုံးအတွက် ငွေကျပ် ၄၁၄သိန်းကို ထက်ရည်လင်းရွှေတူးဖော်ရေးကုမ္ပဏီနှင့် မြောက်ကျွန်းသူမမ ရွှေတူးဖော်ရေးကုမ္ပဏီတို့မှ ထောက်ပ့ံလှူဒါန်းခြင်းဖြစ်သည်။

ထိုသို့ လှူဒါန်းရာတွင် အလုံးစုံပျက်စီးသည့်အိမ်ခြေ ၃၃ လုံးအတွက် တစ်အိမ်လျှင်ငွေကျပ် ၈ သိန်းနှုန်း၊ အနည်းငယ်ပျက်စီးသည့်အိမ်ခြေ ၂၅ လုံးအတွက် တစ်အိမ်လျှင်ငွေကျပ် ၄ သိန်းနှုန်း၊ အနည်းငယ်ထိခိုက်ပျက်စီးသည့် အိမ်ခြေ ၂၅ လုံးအတွက် တစ်အိမ်လျှင််ငွေကျပ် ၂ သိန်းနှုန်း ခွဲဝေပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါထောက်ပ့ံလှူဒါန်းပွဲသို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်ဝင်းမြင့်နှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊အလှူ ရှင်များဖြစ်သည့် ထက်ရည်လင်းရွှေတူးဖော်ရေးကုမ္ပဏီ၊ မြောက်ကျွန််းသူမမရွှေတူးဖော်ရေးကုမ္ပဏီတို့မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly