ပစိဖိတ်ဖြတ်ကျော်မိတ်ဖက်ကုန်သွယ်ရေး သဘောတူညီမှုကို ပြန်လည်သုံးသပ်ရန် မလေးရှားဝန်ကြီးချုပ် လိုလား

ပစိဖိတ်ဖြတ်ကျော်မိတ်ဖက်ကုန်သွယ်ရေး သဘောတူညီမှုကို ပြန်လည်သုံးသပ်ရန် မလေးရှားဝန်ကြီးချုပ် လိုလား

 

ကွာလာလမ်ပူ၊ ဇွန် ၉ ။          ။ အားနည်းသော စီးပွားရေးနို်င်ငံများအား အထောက်အကူပြုနိုင်ရေးအတွက် ပစိဖိတ်ဖြတ်ကျော် မိတ်ဖက်ကုန်သွ်ယရေး သဘောတူညီမှု TPP ကို ပြန်လည်သုံးသပ်ရန် မလေးရှားဝန်ကြီးချုပ်က လိုလားကြောင်း ပြောသည်။

အမေရိကန် နုတ်ထွက်သွားပြီးနောက် နိုင်ငံ ၁၁ နို်င်ငံ လက််မှတ်ရေးထိုးထားသော TPP တွင် အမေရိကန် အဆိုပြိုထားခဲ့သည့် အကြောင်းချင်းရာကဏ္ဍသည် ဆင်းရဲသောနို်င်ငံများ၏ အကျိုးစီးပွားကို ထိခိုက်စေကြောင်း၊ လွတ်လပ်သော ကုန်သွယ်မှု အခင်းအကျင်းတွင် မလေးရှားအနေဖြင့်လည်း ပိုမိုဝယ်ယူရပြီး ထုတ်ကုန်ရောင်းချနိုင်မှုမှာမူ နည်းပါးရကြောင်း ဂျပန်နိုင်ငံမှ Nikkei သတင်းနှင့် အင်တာဗျူးရာတွင် ဝန်ကြီးချုပ် မဟာသီယာက ပြောခဲ့သည်။

“ကျွန်တော်တို့ TPP ကို ပြန်လည်သုံးသပ်ရမယ်။”ဟု မေ ၉ ရက် ရွေးကောက်ပွဲတွင် ရှုံးနိမ့်သွားသော ယခင်ဝန်ကြီးချုပ် နာဂျစ်ရာဇတ် လက်မှတ်ထိုးခဲ့သည့် ယင်းသဘောတူညီမှုနှင့် ပတ်သက်ပြီး မှတ်ချက်ပြု ပြောဆိုသည်။

“သေးငယ်ပြီး အားနည်းတဲ့ စီးပွားရေးနိုင်ငံငယ်တွေအနေနဲ့ သူတို့ရဲ့ ထုတ်ကုန်ကို ကာကွယ်နိုင်တဲ့ အခွင့်အရေး ရရမှာ ဖြစ်တယ်။”ဟု မဟာသီယာက ပြောသော်လည်း ထိုသဘောတူညီမှု၏ အရေးပါပုံနှင့် နုတ်ထွက်လိုခြင်း ရှိလားဆိုသော မေးခွန်းကိုမူ ရှောင်လွှဲခဲ့ကြောင်း Nikkei က ဖော်ပြသည်။

ပစိဖိတ်ဖြတ်ကျော်မိတ်ဖက်ကုန်သွယ်ရေး သဘောတူညီမှုတွင် သြစတြေးလျ၊ ဘရူနိုင်း၊ ကနေဒါ၊ ချီလီ၊ ဂျပန်၊ မလေးရှား၊ မက္ကဆီကို၊ နယူးဇီလန်၊ ပီရူး၊ စင်ကာပူနှင့် ဗီယက်နမ်တို့က ၂၀၁၈ မတ် ၈ ရက်တွင် သဘောတူလက်မှတ်ရေးထိုးထားခဲ့ကြခြင်း ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly