ခြေထောက်ဒဏ်ရာပြဿနာရှိနေတဲ့ နောက်ခံလူ မာဆယ်လိုကို ရီးယဲလ်အသင်း (၃)ပတ်ခန့် ဆုံးရှုံးရဖွယ်ရှိ

ခြေထောက်ဒဏ်ရာပြဿနာရှိနေတဲ့ နောက်ခံလူ မာဆယ်လိုကို ရီးယဲလ်အသင်း (၃)ပတ်ခန့် ဆုံးရှုံးရဖွယ်ရှိ
(ဓာတ်ပုံ - အီးပီအေ)

ရီးယဲလ်မက်ဒရစ်အသင်းက ၎င်းတို့ရဲ့ နောက်ခံလူ မာဆယ်လိုဟာ ဘယ်ခြေထောက် ကြွက်သားဒဏ်ရာရရှိခဲ့ကြောင်း အတည်ပြုပြီးနောက် ကစားသမားဟာ (၃)ပတ်ခန့် အနားယူရဖွယ်ရှိတယ်လို့ သိရပါတယ်။

ကလပ်အသင်းဟာ ကစားသမားရဲ့ ဒဏ်ရာ အခြေအနေကို စောင့်ကြည့်မှာဖြစ်ပြီး သတင်းများအရ နောက်ခံကစားသမးဟာ တစ်လအထိ အနားယူရဖွယ်ဖြစ်နိုင်တယ်လို့ ဖော်ပြကြပါတယ်။

အိမ်ကွင်းမှာ ဘက်တစ်ကို ၁-၀ ဂိုးနဲ့ မထင်မှတ်ဘဲ ရှုံးနိမ့်တဲ့ ပွဲမှာ မာဆယ်လိုဟာ လူစားလဲခံရသလို အနီကပ်ပြစ်ဒဏ်ကြောင့် ပြီးခဲ့တဲ့ လာလီဂါပွဲစဉ်ကိုလည်း လွဲချော်ခဲ့ပြီးဖြစ်ပါတယ်။

"ကျနော့်ရဲ့ ခြေထောက်မှာ နာကျင်ကိုင်ခဲတာကို ခံစားရပါတယ်။ စကင်ဖတ်ပြီး ကျနော်တို့ သိရပါလိမ့်မယ်။"လို့ ဘက်တစ်နှင့်ပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။

နောက်ခံကစားသမားဟာ အချိန်ကြာကြာ အနားယူရပါက လာလီဂါပွဲစဉ်တွေဖြစ်တဲ့ အလာဗတစ်၊ အက်စ်ပန်ညို၊ ဂီတာဖေး၊ အီဘာနှင့် ဟီရိုနားပွဲစဉ်တွေအပါအဝင် ချန်ပီယံလိဂ်ပွဲစဉ်ဖြစ်တဲ့ စက်တင်ဘာ ၂၆ ရက်မှာ ဒေ့ါမွန်နှင့် ပွဲကို လွဲချော်နိုင်ပြီး အောက်တိုဘာ ၁၇ ရက်မှာ စပါးနှင့် ပွဲအတွက်လည်း စိုးရိမ်ဖွယ်အနေအထား ရှိနေပါတယ်။

ဒီရာသီလာလီဂါပြိုင်ပဲမှာ အထနှေးနေတဲ့ ရီးယဲလ်အသင်းဟာ အမှတ်ပေးဇယားမှာ ရမှတ် ၈ မှတ်ဖြင့် အဆင့် ၈ မှာ ရပ်တည်နေပြီး လိဂ်ကို ဦးဆောင်နေတဲ့ ပြိုင်ဘက် ဘာစီလိုနာရဲ့ အောက် ၇ မှတ်ပြတ် အနေအထားမှာဖြစ်နေပါတယ်။

Ref; Goal

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags