ရွန်နီ၏ဂိုးအရေအတွက်စံချိန်ကို လူကာကူကျော်နိုင်မည်ဟု မော်ရင်ဟိုမယုံကြည်

ရွန်နီ၏ဂိုးအရေအတွက်စံချိန်ကို လူကာကူကျော်နိုင်မည်ဟု မော်ရင်ဟိုမယုံကြည်

စက်တင်ဘာ ၁၆၊ မန်ချက်စတာ။          ။ တိုက်စစ်မှူးလူကာကူအနေဖြင့် ရွန်နီ၏ မန်ချက်စတာယူနိုက်တက်သွင်းဂိုးစံချိန်ကို ကျော်ဖြတ်နိုင်လိမ့်မည်ဟု နည်းပြမော်ရင်ဟိုက မယုံမကြည်ဖြစ်နေသည်။

ရွန်နီသည်ပြီးခဲ့သည့်ရာသီက စတုတ်စီးတီးနှင့်ပွဲတွင် ဘော်ဘီချာလ်တန်၏စံချိန်ကိုကျော်ဖြတ်ခဲ့ပြီး စပါးနှင့်ပွဲတွင် နောက်ဆုံးဂိုး သွင်းယူခဲ့ကာ ယူနိုက်တက်အတွက် ၅၅၉ ပွဲကစား ၂၅၃ ဂိုးရရှိခဲ့သည်။

တနင်္ဂနွေနေ့တွင် အိုးထရက်ဖို့ဒ်၌ ယူနိုက်တက်နှင့် အဲဗာတန်တို့ကစားကြသည့်အခါ လူကာကူနှင့်ရွန်နီတို့မှာ အသင်းဟောင်းများ နှင့် ပြန်လည်ရင်ဆိုင်ကြရမည်ဖြစ်သည်။

မော်ရင်ဟိုက “ဝိန်းရွန်နီဟာ သူ့ကစားသမားဘဝ ၁၀ နှစ်လောက် လက်ရှိနဲ့မတူညီတဲ့ ပရီးမီးယားလိဂ်ကိုဖြတ်သန်းခဲ့ပါတယ်။ ပရီးမီးယားလိဂ်တစ်ခုဟာ ထိပ်သီးအသင်းတွေနဲ့ ကျန်အသင်းတွေကြား ကွာခြားချက်ကြောင့်သာမက နာမည်နဲ့နည်းစနစ်ပိုင်းတွေ ကြောင့်ပါ ဂိုးတွေသွင်းဖို့ ပိုလွယ်ခဲ့တယ်။

ဒီပရီးမီးယားလိဂ်ကတော့ ခံစစ်ကိုပိုအသားပေးလာပြီး ပိုခက်လာတယ်လို့ ကျွန်တော်ယူဆပါတယ်”ဟု ပြောသည်။ လူကာကူသည်လက်ရှိတွင် ယူနိုက်တက်အတွက် ပရီးမီးယားလိဂ်လေးပွဲကစားပြီး လေးဂိုးသွင်းယူထားသည်။

Ref; soccerway

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly