ကမ္ဘာ့ဖလားကစားခွင့်ရဖို့အတွက် ချယ်လ်ဆီးကို ကော်စတာ ပြန်မည်

ကမ္ဘာ့ဖလားကစားခွင့်ရဖို့အတွက် ချယ်လ်ဆီးကို ကော်စတာ ပြန်မည်

စက်တင်ဘာ ၄၊ အင်္ဂလန် ။                  ။ တိုက်စစ်မှူးဒီယေဂိုကော်စတာဟာ စပိန်အသင်းနဲ့အတူ ကမ္ဘာ့ဖလားကစားခွင့်ရရှိလိုတာကြောင့် ချယ်လ်ဆီးအသင်းသို့ ပြန်တော့မှာ ဖြစ်ပါတယ်။

နည်းပြကွန်တီနဲ့ပြဿနာတက်ပြီးနောက်မှာ ချယ်လ်ဆီးကိုလုံးဝပြန်မှာ မဟုတ်ဘူးလို့ ကော်စတာက ဆိုခဲ့ပြီး သူ့ရဲ့မွေးရပ်မြေ ဘရာဇီးမှာပဲ ရှိနေခဲ့ပါတယ်။

ဒါပေမယ့် ချယ်လ်ဆီးအသင်းက သူ့ကို အသင်းဆီပြန်လာဖို့ ညွှန်ကြားထားပြီး ပရီးမီးယားလိဂ်ကစားသမား ၂၅ ဦးစာရင်းမှာ ထည့်သွင်းခဲ့ပါတယ်။

ကော်စတာဟာ နောက်ဆုံးအချိန်အထိ ချယ်လ်ဆီးကို ပြန်မသွားဘူးလို့ ငြင်းဆိုထားပေမယ့် သူငယ်ချင်းတွေရဲ့တိုက်တွန်းမှုအရ လန်ဒန်ကလပ်အသင်းဆီပြန်တော့မှာ ဖြစ်ပါတယ်။

“ဒီယေဂို ချယ်လ်ဆီးကို ပြန်သွားတော့မှာပါ။ ဒါက ချယ်လ်ဆီးနဲ့သူ့ရဲ့ကြားက မပြေလည်မှုတွေကို ပြီးဆုံးသွားစေပါလိမ့်မယ်။ ကော်စတာက သူ့ရဲ့ကစားသမားဘဝကို ဘရာဇီးမှာ အခုလိုနေထိုင်ပြီး ပြီးဆုံးသွားချင်တဲ့သူ မဟုတ်ပါဘူး” လို့ ကော်စတာနဲ့ နီးစပ်သူတစ်ဦးက ဆိုခဲ့ပါတယ်။

ကော်စတာကို အက်သလက်တီကိုအသင်းက အပြောင်းအရွှေ့ရာသီ မပိတ်သိမ်းမီ ခေါ်ယူဖို့ ကြိုးစားခဲ့သေးပေမယ့် ပြောင်းရွှေ့ကြေး ညှိနှိုင်းမရတာကြောင့် ပျက်ပြယ်ခဲ့ရပါတယ်။

ရည်ညွှန်း အိတ်ပရက်စ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly