ယူကရိန်း လွတ်လပ်ရေးနေ့သို့ အမေရိကန်ကာကွယ်ရေး ဝန်ကြီးရောက်နေစဉ် ပေါက်ကွဲမှုတစ်ရပ်ဖြစ်

ယူကရိန်း လွတ်လပ်ရေးနေ့သို့ အမေရိကန်ကာကွယ်ရေး ဝန်ကြီးရောက်နေစဉ် ပေါက်ကွဲမှုတစ်ရပ်ဖြစ်

ကိဗ်၊ သြဂုတ် ၂၅ ။                    ။ ယူကရိန်းနိုင်ငံ လွတ်လပ်ရေးနေ့ကို သြဂုတ် ၂၄ ရက်က ကျင်းပရာတွင် ကိဗ်မြို့တော်၌ ပေါက်ကွဲမှု တစ်ရပ်ဖြစ်ပွားရာ လူနှစ်ဦး ဒဏ်ရာရသည်။

မည်သည့်အရာဝတ္တုပစ္စည်းမှန်း မသိရသေးသည့် ယင်းပေါက်ကွဲသည့်အရာကို လမ်းသူရဲဆန်ဆန် လူတစ်ဦးက ဖောက်ခွဲခြင်းပဲဖြစ်နိုင်သည်ဟု ယူဆထားသည်။

နိုင်ငံသို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျိမ်းမတ်တစ် အလည်အပတ်ရောက်ရှိလျက်ရှိစဉ် ဖြစ်ပွားသော ယခုပေါက်ကွဲမှုသည် စစ်ရေးပြချီတက်ရာ အနီးတွင် ပေါက်ကွဲခြင်းလည်းဖြစ်သည်။

“ဒေသစံတော်ချိန် ၂ နာရီ ၀၆ မိနစ်မှာ ဘာမှန်းမသိရသေးတဲ့ အရာဝတ္တုပစ္စည်း ပေါက်ကွဲတဲ့ သတင်း ရရှိပါတယ်။”ဟု ရဲဌာနက ဖော်ပြသည်။

“အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ဒဏ်ရာရပါတယ်။”ဟု ရဲဌာနက ထုတ်ပြန်ပြီး ဖြစ်ပွားရာ ယူကရိန်း အစိုးရုံးအနီးက ဂရူရှီဗက်စကိုဂိုလမ်းတွင် စုံစမ်းစစ်ဆေးရေးများနှင့် ဖောက်ခွဲရေးဆိုင်ရာ ပညာရှင်များ ရောက်ရှိကာ စစ်ဆေးစုံစမ်းမှုများ လုပ်ဆောင်သည်။

ဖြစ်ပွားရာနေရာကို တာဝန်ရှိသူများက ချက်ချင်းပိတ်ဆို့ တားဆီးခဲ့သည်။

“ခုထိ ကျွန်မတို့ရဲ့ ပထမဆုံး ထင်မြင်ယူဆမိတာက ဒီပေါက်ကွဲမှုဟာ လမ်းသရဲဆန်တဲ့ လုပ်ရပ်တစ်ခုပဲဖြစ်မယ် ထင်ပါတယ်။”ဟု ယူကရိန်းလုံခြံုရေးဌာန SBU မှ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက ဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly