သြဂုတ် ၂၄ ။ ။ အီရတ်နိုင်ငံ တောင်ဘက်ပိုင်း ကမ်းရိုးတန်းအပြင်ဘက် ပင်လယ်ပြင်မှာ သင်္ဘောချင်း တိုက်မိပြီး နစ်မြုပ်သွားခဲ့သည့် ဖြစ်စဉ် ပေါ်ပေါက်ခဲ့ပြီး သင်္ဘောသားအယောက် ၂၀ ထက်မနည်း သေဆုံးသွားကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
အီရတ် သင်္ဘော Al-Mesbar မှာ သြဂုတ် ၁၉ ရက်က ကူဝိတ်နှင့်အီရတ်အကြား တူးမြောင်းတစ်ခုတွင် နိုင်ငံခြားအလံလွှင့်ထားသည့် သင်္ဘောတစ်စင်းနှင့် တိုက်မိခဲ့ပြီးနောက် နစ်မြုပ်သွားခဲ့ခြင်းဖြစ်ပြီး ယင်းနေ့မှာပင် သင်္ဘောသား ၈ ဦး ကို ကယ်ဆယ်နိုင်ခဲ့သော်လည်း ရုပ်အလောင်း လေးလောင်းကို ရှာတွေ့ခဲ့သည်ဟု ဆိုသည်။
ယင်းနောက် သြဂုတ် ၂၄ ရက်တွင် သင်္ဘောကို ပြန်လည်ဆယ်ယူခဲ့ရာတွင် ကျန် ရုပ်အလောင်း ၁၆ လောင်း ထပ်မံတွေ့ရှိခဲ့သည်ဟု အီရတ် ၀န်ကြီးဌာနက ထုတ်ပြန်သည်။
ယခုဖြစ်စဉ်တွင် ပါ၀င်ခဲ့သည့် နိုင်ငံခြားသင်္ဘောကို ထိန်းသိမ်းထားရန် အာဏာပိုင်တွေက ညွှန်ကြားထားသည်။