နမ့်ခမ်းမြို့နယ်တွင် လုပ်သေနတ်များ ပြုလုပ်ရောင်းချနေသူအား ဖမ်းဆီးရမိ

နမ့်ခမ်းမြို့နယ်တွင် လုပ်သေနတ်များ ပြုလုပ်ရောင်းချနေသူအား ဖမ်းဆီးရမိ
ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ရန်ကုန်၊ သြဂုတ် ၁၂ ။          ။ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့တွင် လုပ်သေနတ် ပြုလုပ်ရောင်းချနေသူတစ်ဦးကို သြဂုတ်လ ၁၀ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထုတ်ပြန်ထားသည်။

နမ့်ခမ်းမြို့၊ အမှတ်(၂)နောင်စန့်ကုန်းရပ်ကွက်ရှိ  မာကွန်(ဘ) ဦးဇခုန်တူး၏ နေအိမ်၌ လုပ်သေနတ်များ ပြုလုပ်ရောင်းချနေကြောင်း သတင်းအရ သြဂုတ် ၁၀ ရက် ညနေ ၅ နာရီ ၄၅ မိနစ်ခန့်တွင် အဆိုပါ နေအိမ်သို့ သွားရောက်ရှာဖွေစစ်ဆေးရာ လုပ်သေနတ်တစ်လက်၊ ပွိုင့်-၂၂ ပို့ကျည် ရ၀ တောင့် တို့ကို သိမ်းဆည်းရမိခဲ့သည်။

ဖမ်းဆီးရမိသူကို စစ်ဆေးရာ တရုတ်နိုင်ငံ၊ ကြယ်ခေါင်မြို့ရှိ ဆောက်လုပ်ရေးပစ္စည်းဆိုင်မှ Rapid Gun တစ်လက်ကို ၀ယ်ယူပြီး ၎င်း၏နေအိမ်၌ သေနတ်ဒင်နှင့်ပြောင်းများတပ်ဆင်၍ ခဲသီးများပြုလုပ်ကာ ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလအထိ ကွတ်ခိုင်မြို့နယ်၊ နမ့်ခမ်းမြို့နယ်နှင့် မူဆယ်မြို့နယ်များသို့ စုစုပေါင်းလုပ်သေနတ် ၁၅ လက်ခန့် ပြုလုပ်ရောင်းချခဲ့ကြောင်း သိရသည်။

၎င်းလုပ်သေနတ်များပြုလုပ်ရောင်းချသူအား တရားဥပဒေအရ အမှုဖွင့်အရေးယူဆောင်ရွက်နိုင်ရန် နမ့်ခမ်းမြို့မရဲစခန်းသို့ စနစ်တကျလွှဲပြောင်းအပ်နှံထားကြောင်း သတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly