ဂျပန်တောင်ပိုင်းတစ်ခွင် ရေကြီးရေလွှမ်းမှုများတွင် သေဆုံးသူ ခြောက်ဦးအထိ ရှိလာ

ဂျပန်တောင်ပိုင်းတစ်ခွင် ရေကြီးရေလွှမ်းမှုများတွင် သေဆုံးသူ ခြောက်ဦးအထိ ရှိလာ

တိုကျို၊ ဇူလိုင် ၇ ။              ။ ဂျပန်နိုင်ငံ တောင်ပိုင်းတစ်ခွင်တွင် ကြုံနေရသည့် ရေကြီးရေလွှမ်းမှုများတွင် သေဆုံးသူ ဦးရေသည် ခြောက်ဦးအထိ ရှိသွားပြီး လမ်းများ၊ အိမ်များနှင့် စာသင်ကျောင်းများလည်း ပျက်စီးရကာ လူရာပေါင်းများစွာ သောင်တင်လျက်ရှိနေသည်။

ဂျပန်နိုင်ငံ၏ အဓိက ကျွန်းလေးကျွန်းမှ တောင်ပိုင်းအကျဆုံး ကျုရှုးကျွန်းတွင် မမျှော်လင့်ဘဲ မိုးသည်းထန်စွာ ရွာသွန်းရာမှ မြစ်ကမ်းပါးများ ပြိုကျမှု ဖြစ်ခဲ့ပြီး ယင်းသို့ရေကြီးရေလွှမ်းမှုတွင်   သေဆုံးသူက ခြောက်ဦးရှိပြီး ပျောက်ဆုံးသူ၂၀ နီးပါးရှိကြောင်း ကျိုတိုသတင်းဌာနက ဇူလိုင် ၆ ရက်တွင် ဖော်ပြသည်။

ရေဘေးကြုံပြည်သူများထံ စစ်သားနှင့် အရေးပေါ် ဝန်ဆောင်ဌာနတို့က အရောက်သွားရန် ကြိုးစားနေစဉ်   ရေဒလဟောတိုးခြင်း၊ မြေပြိုမည့် ဘေးများခြင်းတို့ကြောင့် ထောင်ပေါင်းများစွာသော   ပြည်သူများအား နေရပ်စွန့်ထွက်လာကြရန်လည်း အမိန့်ထုတ်ထားသည်။

“ကျွန်တော်တို့ တော်တော်လေးဆိုးဝါးတဲ့ အခြေအနေကို ကြုံနေရတာပါ။”ဟု ဒုတိယဝန်ကြီးချုပ် တာရိုအာဆိုက ပြောကာ တောင်ကမ်းပြိုမည့် ဘေးများ ရှိနေကြောင်း သတိပေးပြီး လူများစွာ ပျောက်ဆုံးလျက်ရှိနေကြောင်း ဖြည့်စွက်ဆိုသည်။

ဇူလိုင် ၅ ရက်က စတင်ကာ ၁၂ နာရီကျော်ကြာ မိုးရေချိန် ၅၀ စင်တီမီတာကျော် ရွာသွန်းကြောင်း မိုးဇလဌာနက ပြောပြီး ဇူလိုင် ၆ ရက်တစ်လျှောက်လုံးလည်း မိုးရွာသွန်းနိုင်သည်ဟု သတိပေးခဲ့သည်။

ရေဘေး အဆိုးဆုံးကြုံရသည့် ဖူကူအိုကာနှင့် အိုရီတာပြည်နယ်တို့တွင် အထူးမိုးရွာသွန်းမှု သတိပေးချက်ကို အာဏာပိုင်များက ရုပ်သိမ်းလိုက်ပြီဖြစ်သော်လည်း ယင်းဒေသအတွင်း မိုးရွာသွန်းမှု၊   မြေပြိုမှုနှင့် ရေကြီးမှု သတိပေးချက်များကို ဆက်လက်ထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly