နေပြည်တော်၊ မေ ၃၁ ။ ။ ယနေ့ မေလ ၃၁ရက်၊ နံနက် အစောပိုင်း နှစ်နာရီခန့်က အမြန်လမ်းမကြီး၏ မိုင်တိုင် ၂၀၇/၄ နှင့် ၂၀၇/၅ ကြားတွင် ရွှေမန်းသူ Express ယာဉ်နှင့် Light Truck ယာဉ်တို့ တိုက်မိရာမှ နှစ်ဦးသေဆုံးခဲ့ပြီး ၁၄ဦး ဒဏ်ရာ ရရှိခဲ့သည်။
ဖြစ်စဉ်မှာ မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း ဦးသန်းနိုင်စိုး(အသက်၊ အဘအမည်၊ နေရပ် စုံစမ်းဆဲ) မောင်းနှင်လာသော ရွှေမန်းသူ Express ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ ကွန်ကရစ်လမ်း အစပ်တွင် ရပ်ထားသော Light Truck မော်တော်ယာဉ်၏ နောက်ပိုင်းအား တိုက်မိခဲ့ခြင်းဖြစ်သည်။
အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် Express ယာဉ်ပေါ်တွင် လိုက်ပါလာသူ ယာဉ်မောင်းပါ ၃၅ ဦးတို့သည် ထိခိုက်ဒဏ်ရာ မရရှိခဲ့သော်လည်း Light Truck ယာဉ်ပေါ်ပါလာသူ ယဉ်မောင်းပါ ကျား ၁၈ ဦးအနက် ကျား နှစ်ဦးသည် သည် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ၁၄ဦး ဒဏ်ရာရရှိခဲ့ပြီး၊ အဆိုပါ ဒဏ်ရာရရှိသူများနှင့် ရုပ် အလောင်းများကို နေပြည်တော် ကုတင်တစ်ထောင် ဆေးရုံသို့ ပို့ဆောင်ထားသည်။
၎င်းယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် Express ယာဉ်အား မဆင်မခြင် မောင်းနှင်သူ ယာဉ်မောင်း သန်းနိုင်စိုး အား ပန်းတင်အမြန်လမ်းမကြီးစခန်း ယာဉ် (ပ)၅/၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က၊ ၃၃၈/၃၃၇ / ၂၀၂ အရ အမှုဖွင့် အရေးယူထားသည်။