ဘောလုံးလောကဖွံဖြိုးရေးအတွက် ဖီဖာဥက္ကဋ္ဌထံသို့ ဦးဇော်ဇော် သွားရောက်တွေ့ဆုံ

ဘောလုံးလောကဖွံဖြိုးရေးအတွက် ဖီဖာဥက္ကဋ္ဌထံသို့ ဦးဇော်ဇော် သွားရောက်တွေ့ဆုံ
ဓာတ်ပုံ-MFF

 မေ ၂၂ ။               ။ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် (MFF) ဥက္ကဋ္ဌ ဦးဇော်ဇော်သည် မေလ ၂၂ရက်၊ မနက် (၁၁း၃၀)နာရီက ဆွစ်ဇာလန်နိုင်ငံ ၊ ဇူးရစ်မြို့ရှိ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ) ဥက္ကဋ္ဌရုံးသို့ သွားရောက် တွေ့ဆုံခဲ့ကြောင်း သိရသည်။

မြန်မာနှင့် အာဆီယံ လူငယ်ဘောလုံးလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖီဖာဥက္ကဋ္ဌ အင်ဖာတီနိုနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

MFF ဥက္ကဋ္ဌသည် အာဆီယံ ဒေသတွင် ကမ္ဘာ့ဖလား ယူ(၁၇)နှင့် ကမ္ဘာ့ဖလား ယူ(၂၀) စသည့်ပြိုင်ပွဲများအား မြန်မာနိုင်ငံနှင့် အာဆီယံနိုင်ငံ အချို့တို့ ပူးတွဲအိမ်ရှင် (Co Host)အဖြစ် ပူးတွဲကျင်းပခွင့် ၊ မြန်မာနှင့် အာဆီယံ ဒေသတွင် အမျိုးသမီး ဘောလုံး အကယ်ဒမီများ တည်ထောင်ရေး၊ အာဆီယံ လူငယ်ဘောလုံးလောက တိုးတက်ရေးအတွက် ကူညီထောက်ပံ့မှုများ ပေးရေး အပါအဝင် ဖီဖာဥက္ကဋ္ဌ အင်ဖာတီနိုထံ တင်ပြတောင်းဆို ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်သည်။

ထို့အပြင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) က အာရှဒေသတွင် ပထမဆုံး အဖြစ် ဆောင်ရွက်နေသည့် FIFA 11 For Health Program ကိုလည်း ဆက်လက်ဆောင်ရွက်သွားရန်   ဆွေးနွေးခဲ့သေးသည်။

MFF ဥက္ကဋ္ဌ ဦးဇော်ဇော်သည် အာဆီယံ ဘောလုံး အဖွဲ့ချုပ် AFF ဒုတိယ ဥက္ကဋ္ဌလည်း ဖြစ်ပြီး AFF Football Development Committee ဥက္ကဋ္ဌ အဖြစ်လည်း တာဝန်ယူထားသူ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly