၂၀၁၇ ရန်ကုန် အခွန်ခ(မူကြမ်း)ကို တိုင်းလွှတ်တော် အတည်ပြု

၂၀၁၇ ရန်ကုန် အခွန်ခ(မူကြမ်း)ကို တိုင်းလွှတ်တော် အတည်ပြု
ဓာတ်ပုံ-မဇ္ဈိမ

ရန်ကုန်၊ဧပြီ၂၈ ။            ။ ၂၀၁၇ ရန်ကုန်တိုင်းဒေသကြီး၏ အခွန်အခဥပဒေ (မူကြမ်း) ကို ယနေ့ ဧပြီ ၂၈ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် လွှတ်တော်စတုတ္တပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့တွင် အတည်ပြုလိုက်သည်။

အဆိုပါဥပဒေသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိသော အခွန်အခများအတွက် ဥပဒေဖြစ်ပြီး ယနေ့ ဧပြီ ၂၇ ရက်တွင် အတည်ပြုရန် လွှတ်တော်ကိုယ်စားလှယ်များကို ဆန္ဒတောင်းခံရာ ကန့်ကွက်အဆိုပြုသူ တစ်ဦးရှိနေ၍ လျှိုဝှက်မဲစနစ်ဖြင့် ဆုံးဖြတ်ပြီးနောက် အတည်ပြုပြဌာန်းနိုင်ခဲ့သည်။

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေး (၆)ရက်မြောက်တွင် တိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်း မှ ၂၀၁၇ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး၏ အခွန်အခဥပဒေ(မူကြမ်း)အား တင်သွင်းခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly