ထုတ်လုပ်သူများ၏ စည်းရုံးမှုကြောင့် ဂျိမ်းစ်ဘွန်းရုပ်ရှင် နောက်တစ်ကား၌ ဒန်နီရယ်ခရိတ်ခ် သရုပ်ဆောင်မည်

ထုတ်လုပ်သူများ၏ စည်းရုံးမှုကြောင့် ဂျိမ်းစ်ဘွန်းရုပ်ရှင် နောက်တစ်ကား၌ ဒန်နီရယ်ခရိတ်ခ် သရုပ်ဆောင်မည်

နာမည်ကျော် အင်္ဂလိပ်မင်းသား ဒန်နီရယ်ခရိတ်ခ်သည် ထုတ်လုပ်သူများ၏ စည်းရုံးမှုကြောင့် ဂျိမ်းစ်ဘွန်းရုပ်ရှင် နောက်ထပ်တစ်ကား ရိုက်ကူးရန်အတွက် သဘောတူညီခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။

မကြာသေးခင်တုန်းကမှ ဂျိမ်းစ်ဘွန်းအဖြစ် ထပ်မံရိုက်ကူးမည့်အစား သူ၏ လက်ကောက်ဝတ်ကိုသာ ဖြတ်ပစ် မည်ဟု နောက်ပြောင်ခဲ့သော ဒန်နီရယ်သည် ထုတ်လုပ်သူ ဘာဘရာဘရိုကိုလီနှင့်အတူ ဇာတ်ညွှန်းအသစ် အတွက် ဆွေးနွေးနေပြီဖြစ်ကြောင်း သိရသည်။

Page Six ၏ အဆိုအရ ခရိတ်သည် သူ၏ အောင်မြင်ခဲ့သော Othello ပြဇာတ်တွင် ထုတ်လုပ်သူ ဘရိုကိုလီနှင့် အတူတကွ အလုပ်လုပ်ခဲ့ပြီးနောက်၌ ၀၀၇ အေးဂျင့်အဖြစ် ထပ်မံရိုက်ကူးရန် သဘောတူညီခဲ့ကြောင်း သိရ သည်။

“ဒန်နီရယ်ဟာ သူ့ရဲ့ Othello ပြဇာတ်နဲ့ပတ်သက်ပြီး ရရှိလာတဲ့ မှတ်ချက်တွေအပေါ် အလွန်ကိုကျေနပ်နေပါ တယ်။ ဒါကြောင့် လက်ရှိမှာ ဒန်နီရယ်ဟာ ဘာဘရာနဲ့အတူ ဆွေးနွေးနေပါတယ်” ဟု ဖော်ပြခဲ့သည်။

“သူတို့မှာ ဇာတ်ညွှန်းအကြမ်း ရှိနေပါပြီ။ ဒါ့အပြင် ဒန်နီရယ်က နောက်ဆုံးသဘောတူ လက်ခံလိုက်တာနဲ့ ရုပ်ရှင် ဇာတ်ညွှန်းကို နီးလ်ပါဗစ်နဲ့ ရောဘတ်တို့နှစ်ဦးက ရေးသားမှာဖြစ်ပြီး ရိုက်ကူးထုတ်လုပ်မှုတွေ စတင်တော့မှာ ဖြစ်ပါတယ်” ဟု အဆိုပါသတင်း၌ ဖော်ပြခဲ့သည်။

ဒန်နီရယ်ခရိတ်ခ်သည် ဂျိမ်းစ်ဘွန်းမင်းသားအဖြစ် နှစ်အကြာဆုံးသရုပ်ဆောင်သည့် ဒုတိယမင်းသားတစ်လက် ဖြစ်ပြီး ထိုဇာတ်ကောင်နေရာမှ သရုပ်ဆောင်လာခဲ့သည်မှာ ၁၁ နှစ်ကျော်ခန့် ရှိပြီဖြစ်သည်။

မကြာသေးခင်တုန်းက ဂျိမ်းစ်ဘွန်းအဖြစ်မှ အနားယူတော့မည်ဆိုသော သတင်းများထွက်ပေါ်ခဲ့အပြီးတွင် သူ၏ နေရာကို အစားထိုးရန်အတွက် ဂျိမ်းစ်နော်တွန်၊ အိုက်ဒရစ်အယ်လ်ဘာ၊ တွမ်ဟစ်ဒယ်တွန် နှင့် အိုင်ဒန်တာနာ တို့က ရေပန်းစားခဲ့သည်။

Ref: Evening Standard

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly