အကြီးဆုံးရုပ်ရှင်ပိတ်ကားပါဝင်သည့် Junction City Shopping Center မတ် ၃၁ရက်ဖွင့်မည်

အကြီးဆုံးရုပ်ရှင်ပိတ်ကားပါဝင်သည့် Junction City Shopping Center မတ် ၃၁ရက်ဖွင့်မည်

ရန်ကုန်၊ မတ် ၂၉ ။             ။ အကြီးဆုံးရုပ်ရှင်ပိတ်ကားပါဝင်သည့် ရုပ်ရှင်ရုံကို Junction City Shopping Center တွင် ဖွင့်လှစ်သွားမည်ဟု မတ်လ ၂၉ ရက်နေ့တွင် ပြုလုပ်သည့် စာနယ်ဇင်းမိတ်ဆက်ပွဲတွင် မီဒီယာများကို အသိပေးခဲ့သည်။

ဖွင့်လှစ်မည့်ရုပ်ရှင်ရုံသည် ၃၂၈၇၃ စတုရန်းပေကျယ်ဝန်းပြီး ရုပ်ရှင်ပိတ်ကားမှာ အလျား ရ၁ ပေရှိပြီး အနံ ၄၂ ပေခန့်ရှိသည်။

Junction City Shopping Center တွင် ဆိုင်ခန်းပေါင်း ၂၄၀ ပါဝင်ပြီး ကမ္ဘာတစ်ဝှမ်းနှင့် မြန်မာနိုင်ငံမှ ဖက်ရှင်၊ အလှအပ၊ နည်းပညာအရောင်းဆိုင်များသာမက စားသောက်ဆိုင်များ ကလေးကစားကွင်းနှင့် လူ ၁၁၀၀ ဆန့်၊ အကြီးမားဆုံးပိတ်ကားနှင့် ရုပ်ရှင်ရုံအပြင် ရုပ်ရှင်ရုံစုစုပေါင်း ၅ ရုံပါဝင်မည်ဖြစ်သည်။ ၂၃ ထပ်အမြင့်ရှိသည့် Junction City Office Tower တွင်  စီးပွားရေးလုပ်ငန်းများနှင့် ရုံးခန်းများပါဝင်သည်။

Junction City ဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ “ကျွန်မတို့ Junction City မှာ ခုနက မီဒီယာတွေကိုရှင်းပြသွားတဲ့အတိုင်းပဲ Where Everything Connect ပေါ့နော်။ ကျွန်မတို့ဒီမှာ ဆုံစည်းရာလေးပေါ့။ ရန်ကုန်မြို့ရဲ့ အလယ်ဗဟိုနေရာလေးမှာ အားလုံး Community တွေရော၊ Business တွေရော၊ လာမယ့် Tourist တွေရော၊ Local တွေရော အားလုံးဈေးဝယ်ထွက်မယ်။ ပြီးရင် အလုပ်လုပ်ကြမယ်၊ အပန်းဖြေမယ်။ အဲဒီအတွက် အားလုံးအဆင်ပြေမယ့် နေရာလေးတစ်ခုကို ဖန်တီးပေးချင်တာပါ” ဟု ရွှေတောင် ဂရုမှ Chief Executive Officer ဒေါ်စန္ဒာထွန်းမှပြောသည်။

Junction City ကို ရွှေတောင် Group မှ ဦးဆောင်တည်ဆောက်ပြီး Kepple Land နှင့် Pan Pacific Hotels Group တို့မှ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့်တွင်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly