အိတ်ဇောဖွင့်မောင်းနှင် ဆိုင်ကယ်များအား ပညာပေးအစီအစဉ်ပြုလုပ်

အိတ်ဇောဖွင့်မောင်းနှင် ဆိုင်ကယ်များအား ပညာပေးအစီအစဉ်ပြုလုပ်

ပခုက္ကူ မတ်လ၂၃ ။         ။ ပခုက္ကူမြို့တွင် သင်္ကြန်ကာလအကြို အိတ်ဇောဖွင့်မောင်းနှင် ဆိုင်ကယ်များအား အိတ်ဇောအသစ်ပြန်လဲခြင်းဖြင့် ပညာပေးအစီအစဉ် ပြုလုပ်ခဲ့သည်ဟု သိရသည်။

သင်္ကြန်ကာလအတွင်း ပြည်သူများအတွက် စိတ်အနှောင့်အယှက်ဖြစ်စေသည့် ဆိုင်ကယ် အိတ်ဇောသံများဖြင့် မောင်းနှင်ခြင်းမရှိစေရေး အတွက် စစ်ဆေးပညာပေးလုပ်ငန်းများ ဆောင်ရွက်နေသည်ဟု ပခုက္ကူမြို့ အမှတ် (၁၇)ယာဉ်ထိမ်းတပ်ဖွဲ့စုမှ သိရသည်။

"လောလောဆယ် ကျွန်တော်တို့အနေနဲ့ ဒီဆိုင်ကယ်တွေကို ဖမ်းဆီးအရေးယူခြင်းမဟုတ်သေးဘူး။ပညာပေးတဲ့  အနေနဲ့ ရုံးခေါ်ပြီး သူတို့ရဲ့ ဆူညံပြီး ပုံမှန်မဟုတ်တဲ့ ဆိုင်ကယ် အိတ်ဇောတွေကို အသစ်ပြန်လဲစေတယ်။ပြီးရင်ပညာပေးဟောပြောမှုတွေလုပ်ပါတယ်"အမှတ်၁၇ ယာဉ်ထိမ်းတပ်ဖွဲ့စု တာဝန်ခံ ရဲအုပ်အောင်နိုင်က မဇ္ဈိမ သို့ပြောသည်။

လက်ရှိအချိန်ကာလသည် ပညာပေးအစီအစဉ်ဖြစ်ပြီး ပညာပေးကာလ လွန်မြောက်ပါက အရေးယူမှုများ ပြုလုပ်သွားမည်ဟု သိရသည်။

"ပညာပေးရက် ကုန်သွားရင် ဒီက နယ်မြေရဲတွေနဲ့ ပူးပေါင်းပြီး ဆိုင်ကယ်စီး ဦးထုပ်မဆောင်းတာတွေပါ အရေးယူ ဆောင်ရွက်သွားမှာပါ"ဟု ရဲအုပ်အောင်နိုင်က ဆိုသည်။

အဆိုပါ ပညာပေး အစီအစဉ်အား သင်္ကြန်ကာလမတိုင်ခင် အချိန်အထိ ပခုက္ကူမြို့တွင်း လမ်းမများပေါ်တွင် လှည့်လည် ပြုလုပ်သွားမည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly