မောင်တော၊ တောင်ပြိုလက်ဝဲ၌ တစ်ဖက်နိုင်ငံမှ ၀င်လာသူ ၁ ဦး ဖမ်​းဆီးရမိ

မောင်တော၊ တောင်ပြိုလက်ဝဲ၌ တစ်ဖက်နိုင်ငံမှ ၀င်လာသူ ၁ ဦး ဖမ်​းဆီးရမိ
ဓာတ်ပုံ-နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ

မတ်​လ ၁၂ ။             ။ ရခိုင်ပြည်နယ်၊ မောင်တောတွင် တစ်ဖက်နိုင်ငံမှ ရေပြွန်ပေါက်မှ တဆင့် ၀င်ရောက်လာသူတစ်ဦးအား ဖမ်းဆီးရမိသည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီမှ ယနေ့ ထုတ်ပြန်သည်။

ဖြစ်စဉ်မှာ မတ်​ ၁၁ ရက်​ နံနက်​ ၉ နာရီခွဲတွင်​ ​မောင်​​တောမြို့နယ်​ နယ်​​မြေ ၃ ​တောင်​ပြိုလက်​ဝဲ ၂ ရပ်​ကွက်​၌ နယ်​​မြေလုံခြုံ​ရေးတပ်​ဖွဲ့ဝင်​များလှည်​့ကင်​း​ဆောင်​ရွက်​စဉ်​လမ်​း​ပေါ်၌ ဒါးကြီးစား​ကျေးရွာ​နေ  မာမတ်​ဇူဘိုင်​ ၂၀ နှစ်​အား ​တွေ့ရှိ၍ဖမ်​းဆီးခဲ့သည်​။

စစ်​​ဆေး​မေးမြန်​းရာ လွန်​ခဲ့သည်​့ ၁ လခန်​့က ဘင်္ဂလား​ဒေ့ရှ်​နိုင်​ငံသို့ သရက်​အုပ်​​ကျေးရွာအနီးမှတစ်​ဆင်​့ တရားမဝင်​သွား​ရောက်​၍ ကူတူပါ​လောင်​ဒုက္ခသည်​စခန်​းရှိ အာရဗီကျောင်​း၌ ၅ တန်​းတက်​​ရောက်​​နေ​ကြောင်​း၊ ၎င်း၏ မိဘများရှိရာ ဒါးကြီးစား​ကျေးရွာသို့အလည်​အပတ်​သွား​ရောက်​ရန်​ မြန်​မာနိုင်​ငံဘက်​ခြမ်​းသို့ ရပ်​ကွက်​ ၂ အနီးရှိ ​ရေပြွန်​​ပေါက်​မှခိုးဝင်​လာခဲ့​ကြောင်​း  သိရှိရသည်​။

အဆိုပါ မာမတ်​ဇူဘိုင်​အား တောင်ပြိုလက်ဝဲမြို့မရဲစခန်းက ဖမ်​ဆီးထားးပြီး မြို့နယ်​လဝကသို့ အပ်​နှံရန်​ စီစဉ်​လျက်​ရှိ​ကြောင်​းသိရသည်​။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly