ဘာစီလိုနာနှင့် မရေမရာဖြစ်နေဆဲမက်ဆီကို မန်စီးတီးအသင်းပေါင်သန်း ၁၀၀ စျေးသတ်မှတ်

ဘာစီလိုနာနှင့် မရေမရာဖြစ်နေဆဲမက်ဆီကို မန်စီးတီးအသင်းပေါင်သန်း ၁၀၀ စျေးသတ်မှတ်

ဖေဖော်ဝါရီ ၁၉၊ ဘာစီလိုနာ။            ။ မန်ချက်စတာစီးတီးအသင်းသည် ဘာစီလိုနာအသင်းနှင့် အနာဂါတ် မရေမရာဖြစ်နေဆဲ လီယွန်နယ်မက်ဆီကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ ပေးရန် အသင့်ဖြစ်နေသည်။

မက်ဆီအနေဖြင့်လည်း ဘာစီလိုနာမှ ထွက်ခွာရန် အသင့်ဖြစ်နေသည်ဟု စီးတီးသူဋ္ဌေးများက ယုံကြည်နေကြပြီး နွေရာသီတွင် ယင်းအာဂျင်တိုင်း တိုက်စစ်မှူးကို နည်းပြပက်ဂွာဒီယိုလာ အတွက် ပထမဦးစားပေး ကစားသမားအဖြစ် ခေါ်ယူပေးချင်နေသည်။

မက်ဆီ၏ ဖခင်လည်းဖြစ်၊ အကြံပေးလည်းဖြစ်သည့် ဂျော့ချ်သည် စီးပွားရေးအတွက် ဘာစီလိုနာမြို့တွင် ရောက်နေသော်လည်း စာချုပ်သက်တမ်းလက်ကျန် ၁၆ လထဲရောက်လာသည့်တိုင် စာချုပ်သက်တမ်းတိုးမည့်ကိစ္စနှင့် ပတ်သက်ပြီး အသင်းနှင့် ဆွေးနွေးရန် အစီအစဉ်မရှိ ဖြစ်နေသည်။

အကယ်၍ ယင်းအနေအထားအတိုင်းသာ ဆက်လက်ဖြစ်ပေါ်နေပါက လာမည့်နွေရာသီတွင် အကြပ်အတည်းတစ်ခု ဖြစ်လာနိုင်သည်။

ဘာစီလိုနာအသင်းသည် နေမာနှင့် ဆွာရက်ဇ်တို့ကို သက်တမ်းတိုးပြီးနောက် လာလီဂါ လစာကန့်သတ်ချက်နှင့် မက်ဆီ၏လက်ရှိ လစာထက်တိုးမြင့်ပေးရမည့် ပမာဏအကြား ရုန်းကန်ရဖွယ်ရှိနေသည်။

လာလီဂါကလပ်များအနေဖြင့် ကစားသမားလစာအတွက် ဝင်ငွေ၏ ၇၀ ရာခိုင်နှုန်းအထက် သုံးစွဲခွင့်ရမည် မဟုတ်ဘဲ မက်ဆီမှာ လက်ရှိတွင် အခွန်ဆောင်ပြီးတစ်နှစ်ပေါင်သန်း ၂၀ ရရှိနေသည်။

ချန်ပီယံလိဂ်တွင် ပီအက်စ်ဂျီကို ဘာစီလိုနာအသင်း ၄-၀ ဂိုးဖြင့်ရှုံးလိုက်ခြင်းကလည်း မက်ဆီအနေဖြင့် စိန်ခေါ်မှုအသစ်များ ရှာဖွေချိန်တန်လောက်ပြီဟု စီးတီးဘက်မှ အကောင်းမြင်ယူဆလျှက်ရှိသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly