မြန်မာ ဘောလုံးအကယ်ဒမီ (ရန်ကုန်)ကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ အင်ဖန်တီနို လာရောက် ဖွင့်လှစ်

မြန်မာ ဘောလုံးအကယ်ဒမီ (ရန်ကုန်)ကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ အင်ဖန်တီနို လာရောက် ဖွင့်လှစ်
အမျိုးသားဘောလုံးအကယ်ဒမီ (ရန်ကုန်) ဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၁၇ ရက် ညနေ (၅) နာရီက အမျိုးသားဘောလုံးအကယ်ဒမီ တည်ရှိရာ သင်္ဃန်းကျွန်းမြို့နယ်၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ရုံးအနီးမှာ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံသို့ရောက် ရှိနေတဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ အင်ဖန်တီနို တက်ရောက်ခဲ့ပါတယ်။ ဓာတ်ပုံ-သူရ၊ မဇ္ဈိမ

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ဖွင့်လှစ်တဲ့ အမျိုးသား ဘောလုံးအကယ်ဒမီ (ရန်ကုန်)ကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညနေ ပိုင်းက ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါဖွင့်ပွဲသို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ အင်ဖန်တီနို တက်ရောက်ဖွင့်လှစ်ပေးခဲ့တာဖြစ်ပြီး ၎င်းနှင့်အတူ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနဝန်ကြီး ဒေါက်တာ မြင့်ထွေး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နာယက ဦးအောင်ကိုဝင်း၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။

အမျိုးသား ဘောလုံးအကယ်ဒမီ (ရန်ကုန်) ဖွင့်ပွဲအခမ်းအနာအပြီးမှာ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ အင်ဖန်တီနိုကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် တာဝန်ရှိသူများက အမျိုးသား ဘောလုံးအကယ်ဒမီ (ရန်ကုန်) အဆောက်အဦအတွင်းသို့ လိုက်လံပြသခဲ့ပါတယ်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌတို့ဟာ သုဝဏ္ဏ လူငယ်လေ့ကျင့်ရေး အားကစားကွင်းနှင့် ရန်ကင်း ကလေးဆေးရုံတို့ကိုလည်း သွားရောက် ကြည့်ရှုခဲ့ကြပါတယ်။

Source: Myanmar Football Federation

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly