လွှတ်တော်အတွင်း နော်ဝေဝန်ကြီးချုပ် ဖုန်းဖြင့် ပေါ့ကီမွန် ဂိမ်းဆော့နေသည်ကို ဓာတ်ပုံရိုက် ဖမ်းမိ

လွှတ်တော်အတွင်း နော်ဝေဝန်ကြီးချုပ် ဖုန်းဖြင့် ပေါ့ကီမွန် ဂိမ်းဆော့နေသည်ကို ဓာတ်ပုံရိုက် ဖမ်းမိ

အော်စလို၊ အောက်တိုဘာ ၆ ။                          ။ နော်ဝေနိုင်ငံတွင် အောက်တိုဘာ ၄ ရက်က လွှတ်တော်အတွင်း စကားအခြေအတင် ပြောဆိုမှု၌ နော်ဝေ အမျိုးသမီး ဝန်ကြီးချုပ် အမ်မာဆိုဘတ်ချ်က ဖုန်းဖြင့် ပေါ့ကီမွန်ဂိမ်းဆော့နေသည်ကို ဓာတ်ပုံရိုက် အမိဖမ်းနိုင်ခဲ့သည်။ သတင်းများအရ ၎င်းသည် လွှတ်တော်အတွင်း ဖုန်းပွတ်ကာ ဂိမ်းဆော့နေသည်မှာ ယခုအကြိမ်က ပထမဆုံးလည်း မဟုတ်ကြောင်း သိရသည်။

အောက်တိုဘာ ၄ ရက်၌ နော်ဝေလွှတ်တော် Storting တွင် အဖွင့်ဆွေးနွေးချိန်၌ ဝန်ကြီးချုပ် အမ်မာဆိုဘတ်ချ်က ဖုန်းဂိမ်းဆော့နေသည့် ပုံအား Independent သတင်းစာက အမိအရ ဓာတ်ပုံရိုက်ကာ ဖော်ပြခဲ့သည်။

လွှတ်တော်တွင် နော်ဝေလစ်ဘရယ် ပါတီအကြီးအကဲ ထရီနီစကီးဂရန့်က မိန့်ခွန်းပြောနေစဉ် အချိန်၌ ဝန်ကြီးချုပ်က ယင်းသို့ ပေါ့ကီမွန်ဂိမ်း ဆော့နေခြင်းဖြစ်သည်။

ဝန်ကြီးချုပ် ဆိုဘတ်ချ်သည် ပေါ့ကီမွန်းဂိမ်း သဲကြီးမဲကြီး ဆော့တတ်သူဖြစ်ကြောင်း၊ ဆလိုဗာကီးယားသို့ နိုင်ငံတော်တာဝန်ဖြင့် ခရီးသွားစဉ် အချိန်ကလည်း ဂိမ်းဆော့ရန် တစ်ခါတစ်ရံ အပြင်သို့ ထွက်ထွက်သွားသည်က သက်သေပြနေကြောင်း Guardian သတင်းက ဖော်ပြသည်။

လစ်ဘရယ်ပါတီခေါင်းဆောင် ဂရန့်က ဝန်ကြီးချုပ် ဂိမ်းဆော့နေခြင်းနှင့် ပတ်သက်ပြီး “တစ်ချိန်တည်းမှာ အလုပ်နှစ်ခု လုပ်နိုင်တာပေါ့ဗျာ။”ဟု တွစ်တာတွင် ရယ်သွမ်းသွေး ရေးသားသည်။ ၎င်းကိုယ်တိုင်လည်း သြဂုတ်လ အတွင်းက အမျိုးသားလုံခြုံရေး အစည်းအဝေးတွင် ဂိမ်းဆော့နေခဲ့သူဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags