မြေလွတ်မြေရိုင်းနှင့် လယ်ယာမြေပြဿနာများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်မည်ဟု ဒေါက်တာအောင်သူပြော

မြေလွတ်မြေရိုင်းနှင့် လယ်ယာမြေပြဿနာများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်မည်ဟု ဒေါက်တာအောင်သူပြော

ရန်ကုန်၊ စက်တင်ဘာလ ၃ဝ၊ ၂ဝ၁၆ ။            ။ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ဖြစ်ပေါ်နေသော မြေလွတ်မြေရိုင်းနှင့် လယ်ယာမြေပြဿနာများ ကို ဖြေရှင်းနိုင်ရန် အရှိန်အဟုန်မြှင့်   ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြေလွတ်မြေရိုင်းစီမံခန့်ခွဲရေး ကော်မတီ ဥက္ကဌ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက ပြောသည်။

စက်တင်ဘာလ ၃ဝရက်၊ ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ အနောက်ကြို့ကုန်းရှိ မြန်မာနိုင်ငံမွေးမြူရေးအဖွဲ့ ချုပ်၊ သီရိအဏ္ဏဝါ ခန်းမတွင် ကျင်းပသော မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချူပ် (၁၆) ကြိမ်မြောက် နှစ်ပတ် လည်အစည်းအဝေးတွင် မီဒီယာများ မေးမြန်းမှုကို ဖြေကြားခဲ့ခြင်းဖြစ်သည်။

"တိုင်းဒေသကြီးတွေမှာ ထုတ်ထားတဲ့ ဥပဒေတွေနဲ့အညီဆောင်ရွက်သွားပါမယ်။ ဥပမာအားဖြင့် မြေလွတ် မြေရိုင်းက နှစ်မျိုးရှိပါတယ်။ တစ် အချက်က မြေလွတ်မြေရိုင်းစီမံကိန်းမှာ အသုံးချပြီးတော့ အသုံးမချဘဲနဲ့ လက်ထဲမှာပိုနေတာတွေ၊ အဲဒီဟာက အချိန်ကာလ အတောအတွင်းမှာ အကောင်အထည်ဖော်ရင် ၂၅၊ ၃ဝ နဲ့ ၁၅ ပေါ့လေ။ သူ့မှာ အကောင်အ ထည် ဖော်တဲ့ ရာခိုင်နှုန်းတွေရှိပါတယ်။ သတ်မှတ်တဲ့ အကောင်အထည် ဖော် တဲ့ ကာလက ၄ နှစ် ပြည့်တာနဲ့ တစ်ပြိုင် နက်ထဲ အလိုအလျှောက် နိုင်ငံပိုင် ဖြစ်ပါတယ်။ အဲ့ဒါတွေကို အကောင် အထည် ဖော်ဖို့ အတွက်ကိုလည်း အစီ အစဉ် တွေကို ဆရာတို့ ရေးဆွဲပြီးပါပြီ။ "ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောသည်။

မြေလွတ်မြေရိုင်း ပြဿနာများကို ဖြေရှင်းရန်အတွက် မြေလွတ်မြေရိုင်း စီမံခန့်ခွဲရေးကော်မတီမှ ညွှန်ကြားချက် များကိုှ တိုင်းနှင့်ပြည် နယ်များသို့ စက်တင်ဘာလ ၂၈ရက်နေ့တွင် ပေးပို့ပေးခဲ့ပြီး လယ်ယာမြေ ပြဿာနာများ တွင်လည်း တ ရားဝင် ဖြစ်သည့် ပုံစံ (၇) ပြဿများကို ဖြေရှင်းပေးသွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly