အမျိုးသမီးတစ်ဦးအား အလိုမတူဘဲ ခိုးယူပေါင်းသင်း အကြမ်းဖက်သူ၏ ပြစ်ဒဏ်ကို ပြင်ရန် တင်ပြသွားမည်

အမျိုးသမီးတစ်ဦးအား အလိုမတူဘဲ ခိုးယူပေါင်းသင်း အကြမ်းဖက်သူ၏ ပြစ်ဒဏ်ကို ပြင်ရန် တင်ပြသွားမည်
ဓာတ်ပုံ - ကောင်းထက်စံ

ရန်ကုန်၊ စက်တင်ဘာ ၂၄ ။                  ။ မြောက်ဥက္ကလာပမြို့နယ်နေ အမျိုးသမီးတစ်ဦးအား အလိုမတူပဲ ခိုးယူပေါင်းသင်းပြီး ညှင်းပန်းနှိပ်စက်မှုအပေါ် တ ရား ရုံးမှ တရားခံကို ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့သည့်အတွက် တရားလိုဘက်မှ ကျေနပ်မှု မရှိသောကြောင့် ခရိုင်တရားရုံး တွင် ပြစ်ဒဏ်ပြင်ဆင်ပေးရန်တင်ပြ သွားမည်ဟု  အမှုတွင် လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော် ရှေ့နေ ဒေါ်လှလှရီက ပြောသည်။

ယင်းအမှုအား မြောက်ဥက္ကလာတရားရုံးတွင် ရာဇသတ်ကြီးပြစ်မှု ပုဒ်မ ပြစ်မှုပုဒ်မ ၃၆၅ (လူကို လျှို့ဝှက်စွာ မတရား သ ဖြင့် ချုပ်နှောင်ထားရန် အကြံဖြင့် ခိုးယူမှု သို့မဟုတ် ချုပ်နှောင်မှု) ၊ ၃၂၃ (သာမန်နာကျင်စေမှု) တို့ဖြင့် စွဲချက်တင်ခဲ့ ခြင်း  ဖြစ်သည်။

“ ပြစ်မှုဆိုင်ရာ ဥပဒေအရ ပုဒ်မ ၃၆၅ ဆိုရင် ထောင်ဒဏ် ၇ နှစ် ချမှတ်နိုင်တဲ့အပြင် ငွေဒဏ်လည်းချမှတ်နိုင်တယ်။ အခု က စွဲထားတဲ့ ပုဒ်မ နှစ်ခုပေါင်းမှ ထောင်ဒဏ် ၂ နှစ်ပဲ ချတယ် ဆိုတဲ့အခါမှာ ဒီအမျိုးသမီးခံစားခဲ့ရတာတွေကို ပေါ်ပေါက် တဲ့ အချက်အရ ပြစ်ဒဏ်ပေးထားတဲ့ အနေအထားအရဆိုလို့ရှိရင် ထိရောက်တဲ့ပြစ်ဒဏ် ဟုတ်မနေဘူးပေါ့နော်။ ပြစ်မှု မြောက်သော်လည်းပဲ ပြစ်ဒဏ်ကနည်းပါးနေတဲ့အတွက် ကျွန်မတို့ အမှုသည်ရော ကူညီဆောင်ရွက်ပေးနေတဲ့ ရှေ့ နေ တွေရော ကျေနပ်မှုမရှိဘူး အဲ့အတွက် ကျွန်မတို့က ပြစ်ဒဏ်ကို တိုးပြီးပြင်ဆင်ဖို့ လုပ်သွားမှာပါ" ဟု ဒေါ်လှလှရီ ကပြော ဆိုသည်။

 " (၁၈) နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးအား အလိုမတူ ခိုးယူပေါင်းသင်းပြီး ပြင်းထန်စွာ ညှင်းပန်းနှိပ်စက်သော အမျိုးသားအား မြောက်ဥက္ကာလာပ တရားရုံးမှ ပြစ်ဒဏ်ချမှတ်ခြင်းအပေါ် အမျိုးသမီးထု၏ သတင်းစာရှင်း လင်းပွဲ " ခေါင်းစဉ်ဖြင့် ယနေ့ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်မှ ၂၀၁၆ စက်တင်ဘာလ ၁၅ ရက်ထိ ရုံးချိန်းပေါင်း ၃၀ ခုဖြင့် တရာလိုပြ သက်သေ ၈ ဦးနှင့် တရာခံပြ သက်သေ ၂ ဦးတို့ကို စစ်ဆေးခဲ့သည်။

 အပြီးသတ်စီရင်ချက်ကို မြောက်ဥက္ကာပမြို့နယ် တရားရုံးမှ ၂၀၁၆ ခုနှစ်  စက်တင်ဘာ ၁၅ ရက်တွင် တရားခံအား ရာဇ သတ်ကြီးပြစ်မှု ပုဒ်မ (၃၆၅ / ၃၂၃) တို့ဖြင့် ပြစ်ဒဏ်နှစ်ရပ်ကို တပေါင်းထဲ ကျခံစေရန် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် အမိန့်ချခဲ့ခြင်း ဖြစ်သည်။

“ အဲဒီလိုဆို အထဲမှာ ဘယ်လောက်မှ နေရမှာ မဟုတ်ဘူး။ ပြန်ထွက်လာမှာ။ သမီးမိသားစုတွေ သမီး အဖေ အမေ တွေ ရဲ့လုံခြုံမှုကို ဘယ်သူက ကာကွယ်မှာလည်း အဲ့လိုဆိုတော့ ထိထိမိမိလေး   တော့ဖြစ်စေချင်ပါတယ် ­” လို့ အကြမ်း ဖက်ခံ ရသူအမျိုးသမီးက ပြောသည်။

အမိန့်ချမှတ်ခဲ့သည့် စက်တင်ဘာလ ၁၅ရက်နေ့တွင် တာမွေမြို့နယ်၊ ကျိုက္ကဆံကွင်း ဟစ်တိုင်တွင် ပြစ်မှုနှင့် ပြစ်ဒဏ် မမျှတဟုဆိုကာ အမျိုး သမီးရေး တတ်ကြွလှုပ်ရှားသူများဦးဆောင်ပြီး  အကြမ်းဖက်ခံရသူအမျိုးသမီးအတွက် ကိုက် ညီသော ပြစ်ဒဏ်စီရင်မှုနှင့် အကြမ်းဖက်ခံရခြင်းများအတွက် ဥပဒေ အကာအကွယ်ပေးရေးခေါင်းစဉ်ဖြင့် ဆန္ဒထုတ် ဖော်ခဲ့ကြသည်။

အမျိုးသမီးများအကြမ်းဖက်မှုမှကာကွယ်ရေး ဥပဒေကို လူမှုဝန်ထမ်း ပြန်လည်ကယ်ဆယ်ရေးနှင့် နေရာချထားရေး ဝန်ကြီးဌာန၊  ကျား/မ ရေးရာ တန်းတူညီမျှရေးကွန်ယက်၊ ကုလသမဂ္ဂ (UN) တို့ ပူးပေါင်းရေးဆွဲ လျှက်ရှိသည်။ အဆိုပါ ဥပဒေပေါ်ပေါက်လာပါက မြန်မာနိုင်ငံရှိ အမျိုးသမီးများ အကြမ်းဖက်ခံရခြင်းမှ အတိုင်းအတာ တစ်ခုထိ အကာအကွယ် ပေးနိုင်မယ်လို့ တရားလွှတ်တော်   ရှေ့နေ ဒေါ်လှလှရီကအဆိုပါပွဲတွင်ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly