တေလာဆွစ်ဖ် တောင်းပန်ပါက အလုပ်အတူလုပ်သွားမယ် ဟု ကေတီပယ်ရီပြော

တေလာဆွစ်ဖ် တောင်းပန်ပါက အလုပ်အတူလုပ်သွားမယ် ဟု ကေတီပယ်ရီပြော

နယူးယော့ခ် ၊ စက်တင်ဘာ ၁၂ ။            ။ နာမည်ကျော်အဆိုတော် ကေတီပယ်ရီက တေလာဆွစ်အနေဖြင့် ၎င်းအားတောင်းပန်လာပါက တေလာဆွစ်ဖ်နှင့်အတူ အလုပ်လုပ်ဖို့ စဉ်းစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့သော သူငယ်ချင်းမှ ရန်သူအဖြစ်သို့ ပြောင်းလဲသွားသူတစ်ဦးအကြောင်းကို ရေးဖွဲ့ထားသည့် တေလာ၏ နာမည်ကြီးတေးသီချင်း “ Bad Blood”နှင့်စပ်လျဉ်း၍    တေလာနှင့် ကေတီပယ်ရီတို့ နှစ်ဦးသည် ယခုအချိန်ထိ အဆင်မပြေဖြစ်လျက်ရှိသည်။

ယင်းတေးသီချင်းသည် ကေတီပယ်ရီကို ရေးဖွဲ့ထားခြင်းဖြစ်ကြောင်း ပရိတ်သတ်များက ခန့်မှန်းပြောကြားလျက်ရှိသော်လည်း တေလာက ယင်းတေးသီချင်းသည် မည်သူကို ရည်ညွှန်းရေးဖွဲ့ထားကြောင်းကို ယခုအချိန်ထိ အတည်ပြုပြောကြားခဲ့ခြင်းမရှိပေ။ တေလာ၏ အကသမားများစွာသည် ကေတီပယ်ရီနှင့် ပူးပေါင်းရန် ကမ္ဘာလှည့်ဖျော်ဖြေပွဲမှ ထွက်ခွာခဲ့ကြောင်း ဘေလ်ဘုတ်တွင် ဖော်ပြထားသည်။

နောက်ပိုင်းတွင် ဆွစ်ဖ်သည်  Rolling Stone မဂ္ဂဇင်းနှင့် ပြုလုပ်သော တွေ့ဆုံမေးမြန်းမှုတွင် “ Bad Blood” တေးသီချင်းနှင့်စပ်လျဉ်း၍ ထုတ်ဖော်ပြောကြားခဲ့သည်။

“ ရန်သူဟာ ဘယ်သူဖြစ်တယ်ဆိုတာကို ပြောဆိုခြင်းမရှိဘဲ သူမက အရမ်းကြောက်ဖို့ကောင်းတယ်။ကျွန်မလည်း ကြိုက်ပါတယ်။ ကျွန်မတို့ဟာ အမှန်တကယ် ရန်သူတွေပါ။   ကောင်လေးတစ်ယောက်နဲ့ ပတ်သက်လို့ ဒါမဖြစ်သင့်ပါဘူး။ ဒါက စီးပွားရေးလုပ်တာပါ။သူမက ဖျော်ဖြေပွဲတစ်ခုလုံးကို နှောင့်ယှက်ဖို့ ကြိုးစားတယ်။ သူမက ကျွန်မလက်အောက်မှာရှိတဲ့ လူတွေကို အငှားခေါ်ယူဖို့ ကြိုးစားတယ်”ဟု တေလာက  Rolling Stone မဂ္ဂဇင်းကို ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly