ယူအက်စ်အိုးပင်း ဗိုလ်လုပွဲမှာ ဂျာမန်တင်းနစ်မယ် ခါဘာက ပီလစ်ဆကိုဗာကို အနိုင်ရ

ယူအက်စ်အိုးပင်း ဗိုလ်လုပွဲမှာ ဂျာမန်တင်းနစ်မယ် ခါဘာက ပီလစ်ဆကိုဗာကို အနိုင်ရ
(ဓာတ်ပုံ - အီးပီအေ)

ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲစဉ်ကို စက်တင်ဘာ ၁၁ ရက်က ယှဉ်ပြိုင်ကစားခဲ့ရာ ဂျာမန်တင်းနစ်မယ် အန်ဂျလီကေး ခါဘာက ချက်တင်းနစ်မယ် ကာရိုလီနာ ပီလစ်ဆကိုဗာကို အနိုင်ယူပြီး ဆုဖလား ဆွတ်ခူးသွားပါတယ်။

အသက် (၁၈) နှစ်အရွယ် ခါဘာက ပီလစ်ဆကိုဗာကို ၆-၃၊ ၄-၆၊ ၆-၄ ဖြင့် အနိုင်ရရှိပြီး သူမအတွက် ပထမဆုံး ယူအက်စ်အိုးပင်း ဆုဖလားကို သိမ်းပိုက်နိုင်ခဲ့သလို ကမ္ဘာ့နံပါတ် (၁) တင်းနစ်မယ်လည်းဖြစ်လာပါတယ်။  ကာဘာဟာ ယခုနှစ် ဇန်နဝါရီလက သြစတြေးလျအိုးပင်းမှာလည်း ချန်ပီယံဆုကို ရရှိထားသူဖြစ်ပါတယ်။

ဆီမီးဖိုင်နယ်အဆင့်မှာ ဆရီနာဝီလျံက ချက်တင်းနစ်မယ် ပလစ်ဆကိုဗာကို ရှုံးနိမ့်ခဲ့တာကြောင့် တနင်္လာနေ့မှာ အဆင့်သတ်မှတ်ချက်မှတ် ကာဘာဟာ ထိပ်ဆုံးရောက်ရှိလာမှာ သေချာပါတယ်။

"ကျမရဲ့ အိမ်မက်တွေအားလုံး ဒီနေ့မှာ ဖြစ်လာပါတယ်။ အခုလိုအချိန်လေးမှာ ပျော်မွေ့ဖို့ ကျမ ကြိုးစားနေတာပါ"လို့ ခါဘာက ဆိုပါတယ်။

"ဒါဟာ မယုံကြည်နိုင်လောက်အောင်ပါပဲ။ ဒုတိယမြောက် ဂရင်းဆလင်းဆုဖလားနဲ့အတူ ကျမ ဒီနေရာမှာ ရပ်နေပါတယ်။"လို့ သူမက ပြောပါတယ်။

ကာဘာက ယခုနှစ်မှာ သြစတြေးလျအိုးပင်းနဲ့ ယူအက်စ်အိုးပင်း ဂရင်းဆလင်းချန်ပီယံဆု နှစ်ခုကို ရရှိဆွတ်ခူး ရရှိပါတယ်။

ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တဲ့ ခါဘာက ဒေါ်လာ (၃.၅) သန်းရရှိမှာဖြစ်ပြီး ဒုတိယရရှိသူ ပီလစ်ဆကိုဗာမှာ ဒေါ်လာ (၁.၇၅) သန်း ရရှိမှာဖြစ်ပါတယ်။

Ref; BBC, EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly