ကမ္ဘာစစ်ဖြစ်နေပြီဟု ပုပ်ရဟန်းမင်းကြီး သတိပေး

ကမ္ဘာစစ်ဖြစ်နေပြီဟု ပုပ်ရဟန်းမင်းကြီး သတိပေး

ဗာတီကန်၊ ဇူလိုင် ၂၈ ။              ။ ဥရောပတွင် ဂျီဟတ်ဝါဒီများ တိုက်ခိုက်မှုများ ဆင့်ကဲဖြစ်လာခြင်းအတွက် ပုပ်ရဟန်းမင်းကြီးက ကမ္ဘာစစ်ဖြစ်နေပြီဆိုခြင်းအား သက်သေပြမှုများဖြစ်ကြောင်း သတိပေးလိုက်သည်။

သို့သော် ပုပ်ရဟန်းမင်းကြီးက ဘာသာရေးစစ်ပွဲအဖြစ် သတ်မှတ်ညွန်းဆိုခြင်းမဟုတ်ဘဲ အကျိုးစီးပွား၊ ငွေကြေးနှင့် သဘာဝရင်းမြစ်များနှင့် ပတ်သက်၍ ပဋိပက္ခတစ်ရပ်အဖြစ် ပြောဆိုသည်။

ပြင်သစ်တွင် ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါး အသတ်ခံရခြင်းနှင့် ပတ်သက်ပြီး ပိုလန်သို့ ခရီးစဉ်ထွက်ခွာရန်ရှိသည့် ပုပ်ရဟန်းမင်းကြီး၏ ထင်မြင်ချက်အား သတင်းထောက်များက မေးမြန်းရာ၌ ယခုကဲ့သို့ မှတ်ချက်ပြုပြောကြားခြင်းဖြစ်သည်။

ပြင်သစ်ဘုန်းတော်ကြီး Jacques Hamel သည် ဝတ်ပြုဆုတောင်းပွဲတွင် သတ်ဖြတ်ခံရခြင်းဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ပြင်သစ်နှင့် ဂျာမနီတို့တွင် တိုက်ခိုက်မှုများစွာ ဖြစ်ပွားခဲ့ပြီး အများစုက အစ္စလာမ်မစ်စစ်သွေးကြွများ ကျုးလွန်သည့် တိုက်ခိုက်မှုများဖြစ်သည်။

"ကြားနေရတဲ့ အသံက လုံခြုံမှု မရှိတော့ဘူးဆိုတာပဲဖြစ်တယ်။ ဒါပေမယ် အမှန်တကယ်ကတော့ ဒါတွေက စစ်ဖြစ်နေတာပါပဲ။"ဟု ပုပ်ရဟန်းမင်းကြီးက ဆိုသည်။

"ကိုယ်တော်တို့အနေနဲ့ အမှန်ကို ပြောဖို့ ကြောက်ရွံ့မနေသင့်ဘူး။ ကမ္ဘာစစ်ကြီးဖြစ်နေပြီ။ ဘာကြောင့်လည်းဆိုတော့ ငြိမ်းချမ်းရေး ပျောက်ဆုံးနေလို့ပဲဖြစ်တယ်။"ဟု ၎င်းက မြွက်ကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly