ဟံသာဝတီအသင်း အိမ်ကွင်းဖွင့်ပွဲကို ပရိသတ် ငါးထောင်ကျော် လာရောက်အားပေးခဲ့

ဟံသာဝတီအသင်း အိမ်ကွင်းဖွင့်ပွဲကို ပရိသတ် ငါးထောင်ကျော် လာရောက်အားပေးခဲ့
တောင်ငူကွင်းတွင် ဟံသာဝတီနှင့် မကွေးအသင်းတို့ယှဉ်ပြိုင်ကစားနေစဉ်။ (ဓာတ်ပုံ- MFF)

ဇွန် ၁၂ ၊ ရန်ကုန်။            ။ ၂၀၁၆ မြန်မာနေရှင်နယ်လိဂ်ဒု-အကျော့ပွဲစဉ်များကို ယာယီအိမ်ကွင်းအဖြစ် လက်ခံကျင်းပမည့် ဟံသာဝတီယူနိုက်တက်အသင်း၏ တောင်ငူမြို့ရှိ မိုင်ဒါကွင်းဖွင့်ပွဲကို ပရိသတ် ငါးထောင်ကျော်လာရောက် ကြည့်ရှုအားပေးခဲ့သည်။

တောင်ငူကွင်းဖွင့်ပွဲအဖြစ် အိမ်ရှင် ဟံသာဝတီယူနိုက်တက်အသင်းနှင့် မကွေးအသင်းတို့ယှဉ်ပြိုင်ကစားခဲ့ရာ ဟံသာဝတီအသင်းက ၄-၁ဂိုးဖြင့်ဂိုးပြတ်ရှုံးနိမ့်ခဲ့သော်လည်း အိမ်ရှင်ပရိသတ်များ စည်းကမ်းရှိစွာ အားပေးခဲ့ကြ သည်။ အသင်းအနေနဲ့ အိမ်ကွင်းပရိသတ်တွေရှေ့မှာ ဂိုးပြတ်ရှုံးခဲ့ရတဲ့အတွက် တောင်းပန်ပါတယ်။ ကျွန်တော်တို့အသင်း မကွေးနဲ့ပွဲမှာ ပုံမှန်ခြေစွမ်းမရခဲ့ပါဘူး။   နောက်ပွဲတွေအတွက် ဆက်ပြင်ဆင်ရမှာပါ။ ချန်ပီယံဖြစ်ဖို့ကတော့ လက်ရှိအနေအထားမှာ မလွယ်ကူတော့ပါဘူး။ ဟု ဟံသာဝတီယူနိုက်တက်အသင်းနည်းပြချုပ် ဦးငွေထွန်းကပြောသည်။

ဟံသာဝတီယူနိုက်တက်အသင်းမှာ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်(၁၄) ပွဲစဉ်အဖြစ် အိမ်ကွင်းတွင် ဧရာဝတီယူနိုက်တက်အသင်းနှင့် ဆက်လက်ကစားရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly